Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 6

2023-04-23 10:40:18
KBS ရုပ်သံက ၎င်းင်း၏ထုတ်လွှင့်မှုများတွင် ကင်ဆေးရွန်၊ ရှင်ဟီဆောင်းနှင့် ရာဗီတို့ကို ဆိုင်းငံ့


ကင်ဆေးရွန်၊ ရှင်ဟီဆောင်းနှင့် ရာဗီတို့၏ လတ်တလော အငြင်းပွားဖွယ်ကိစ္စရပ်များကြောင့် KBS ရုပ်သံက ၎င်း၏ ထုတ်လွှင့်မှုများတွင် ၎င်းတို့ကို ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့သည်ဟု KBS ၏ ရုပ်သံထုတ်လွှင့်ရေးစည်းမျဉ်း စိစစ်ရေးကော်မတီက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းကော်မတီသည် တရားမဝင် သို့မဟုတ် ကျင့်ဝတ်နှင့်မညီသည့် လူမှုရေးဆိုင်ရာ အငြင်းပွားမှုများရှိသည့် နာမည်ကျော်များကို KBS ရုပ်သံတွင် ဖော်ပြရန်သင့်၊ မသင့် ဆုံးဖြတ်သည့်အဖွဲ့ဖြစ်သည်။

လွန်ခဲ့သည့်မေလက ကင်ဆေးရွန်သည် အရက်မူး၍ ကားမောင်းသည့်စွဲချက်များဖြင့် ဝမ်သန်း ၂၀ ဒဏ်ကြေးချမှတ်ခံရပြီး Shinhwa ၏ ရှင်ဟီဆောင်းက လွန်ခဲ့သည့်အောက်တိုဘာလတွင် အရက်သောက်၍ကားမောင်းမှုဖြင့် ဖမ်းဆီးခံရသော်လည်း စစ်ဆေးခံရန်ငြင်းဆိုခဲ့သည်။

ရာဗီကမူ စစ်မှုထမ်းဆောင်သည့် အက်ဥပဒေကို ချိုးဖောက်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရပြီး KBS က ၎င်းကို ယာယီကန့်သတ်ချက် ထုတ်ပြန်ထားသည်။
1.8K views07:40
ओपन / कमेंट
2023-04-23 08:30:54 ပြန်ချိန်နီးသော နှလုံးသား၏ သံဝေဂဂီတကို ခံစားခြင်း


■ Written by : ကြယ်စင်ဖေသင်

လွန်ခဲ့သောနှစ် ၃၀ ခန့်က မင်းသား ကျော်ဟိန်း ပေါက်ခဲ့ဖူးသည် သီချင်းခွေ အမည်ကို သတိရသည်။ “အဓိပ္ပာယ်ရှိသော လူ”တဲ့။ ထိုအခွေထဲက သီချင်းတစ်ပုဒ်ထဲ တွင်ပါသော စာသားကလည်း လူတစ် ယောက်ချင်းစီကို မေးခွန်းထုတ်နေသကဲ့ သို့ပင်။ “လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်… သင်ဟာသမိုင်းကြောင်း ကောင်းဖို့ တစ်ခုခုလုပ်ခဲ့သလား”တဲ့။

မေးခွန်းများက တစ်ခွန်းပြီး နောက်တစ် ခွန်းထပ်၍ထပ်၍ပေါ်လာသည်။ အဓိပ္ပာယ် ရှိသောလူအဖြစ် နေထိုင်ခြင်းနှင့် သမိုင်း ကြောင်းကောင်းဖို့ လုပ်ခြင်းတို့ ဆက်စပ်မှု ရှိနေပါသလား။ “အဓိပ္ပာယ်ရှိသော လူ” ဆို တာရော ဘယ်လိုလူလဲ။ အဓိပ္ပာယ်ရှိသော လူဆိုတာ “တန်ဖိုးရှိတဲ့လူပေါ့”ဟု မိတ်ဆွေ တစ်ယောက် ပြောဖူးခဲ့သည့်စကား မှတ်မိ နေသေးသည်။ ကာယကံရှင်အတွက်ရော နေထိုင်ရာ လူအဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေသောလူသည် တန်ဖိုးရှိသောလူဟုဆိုလျှင် ထိုသူသည် “အဓိပ္ပာယ်ရှိသောလူ” မဟုတ်ပါလား။


■ Read More - - - >>> https://news-eleven.com/article/247164
2.1K views05:30
ओपन / कमेंट
2023-04-23 08:30:54 ဆီးရီးယားနိုင်ငံတွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်

ဆီးရီးယားနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများက ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အားထုတ်ကြိုးပမ်းမှုများကိုအနှောင့်အယှက်ဖြစ်စေခဲ့ပြီးနောက် ဆီးရီးယားတွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည်ဟု သိရသည်။

Read More - - - >>> https://news-eleven.com/article/247206
1.9K views05:30
ओपन / कमेंट
2023-04-23 07:45:18
The Daily Eleven Newspaper - Cartoon ( 23 - Apr - 2023)
1.9K views04:45
ओपन / कमेंट
2023-04-23 07:30:31 အရပ်သားအုပ်ချုပ်ရေး ပေါ်ပေါက်လာစေရန် စစ်တပ်ကကတိပြုကြောင်း ဆူဒန်စစ်တပ်အကြီးအကဲပြောကြား

ဆူဒန်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးက အရပ်သားဦးဆောင်သည့် အစိုးရတစ်ရပ်ပေါ် ပေါက်လာရေးအတွက် စစ်တပ်က ကတိပြုကြောင်း ဧပြီ ၂၁ ရက်က ကြေညာခဲ့သည်။

ဆူဒန်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်များကို လမ်းလွဲစေခဲ့သည့် သွေးထွက်သံယိုများသော အာဏာလွန်ဆွဲ အားပြိုင်မှုအဖြစ် ၎င်း၏စစ်တပ်နှင့် ပြိုင်ဘက် အကူလက်နက်ကိုင်တပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ယင်းသည် နိုင်ငံတကာအထောက်အပံ့ရရှိနိုင်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ဖွယ်ရှိသည်။

Read More - - - >>> https://news-eleven.com/article/247203
1.9K views04:30
ओपन / कमेंट
2023-04-23 06:30:00 ဆူဒန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၃၅၀၀ ကျော်ရှိဟု WHO ပြောကြား

ဆူဒန်နိုင်ငံတွင် ဖြစ်ပွားသည့်တိုက်ခိုက်မှုများအတွင်း လူ ၄၀၀ ကျော်သေဆုံးပြီးလူ ၃၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247205
2.0K views03:30
ओपन / कमेंट
2023-04-23 05:31:08 ဝန်ထမ်းများကို အနိုင်ကျင့်ခဲ့သည်ဟူသော တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာပြီးနောက် ဗြိတိန်ဒုတိယဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ် ရာထူးမှနုတ်ထွက်

ဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုများရှိခဲ့သည်ဟူသော တိုင်ကြားချက်များအပေါ် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်တွင် ဗြိတိန်ဒုတိယဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်သည် ဧပြီ ၂၁ ရက်တွင် ရာထူးမှနုတ်ထွက်သွားခဲ့သည်။

ယင်းသည် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်၏ အစိုးရအဖွဲ့မှ ထိပ်တန်းဝန်ကြီးတစ်ဦးကို ရာထူးမှ နုတ်ထွက်သွားစေသည့် လတ်တလော ဟိုးလေးတကျော် ဖြစ်စဉ်တစ်ခုလည်းဖြစ် သည်။

Read More - - - >>> https://news-eleven.com/article/247202
2.2K views02:31
ओपन / कमेंट
2023-04-23 04:20:42 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ဒေါ်လာသန်း ၈၂၀ ကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံထား

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မကြာမီ တင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီး တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်အဆင့်အနေနဲ့ တင်ဒါခေါ်ယူဖို့တွေရှိပါတယ်။ ပြင်ဆင်နေပါတယ်။ လျှပ်စစ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။

■ Read More - - - >>> https://news-eleven.com/article/247197
2.1K views01:20
ओपन / कमेंट
2023-04-23 04:17:16
The Daily Eleven Newspaper - Cartoon ( 23 - Apr - 2023)
1.9K views01:17
ओपन / कमेंट
2023-04-23 04:00:18
ဧပြီ ၂၃ ရက် နံနက်ခင်း သတင်းအစီအစဉ် ( တိုက်ရိုက်က်ထုတ်လွှင့်တင်ဆက်မှု)

■ ရန်ကုန်မြိုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
■ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ထုတ်ပြန်
■ ဘားအံမြိုနယ်၊ သထုံ - ဘားအံကားလမ်း မြိုင်ကလေးကျေးရွာ လမ်းဆုံနေရာအနီးတွင် မော်တော်ယာဉ်တစ်စီးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိခဲ့
■ ပုလောမြိုတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၁ လုံး ဆုံးရှုးခဲ့
■ ဝန်ထမ်းများကို အနိုင်ကျင့်ခဲ့သည်ဟူသော တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာပြီးနောက် ဗြိတိန်ဒုတိယ ဝန်ကြီးချုပ်ဒေါမနစ်ရက်ဘ် ရာထူးမှနုတ်ထွက်
■ ဆူဒန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၄၀ဝ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅၀ဝ ရှိဟု WHO ပြောကြား
■ မက်ဆီကို ဘာစီလိုနာ ပြန်လည်ခေါ်ယူနိုင်မည်ဟု မျှော်လင့်ကြောင်း လာလီဂါဥက္ကဋ္ဌ ပြော
2.0K views01:00
ओपन / कमेंट