Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 8

2023-04-22 13:03:53 ဘားအံမြို့နယ် သထုံ-ဘားအံ ကားလမ်း မြိုင်ကလေးကျေးရွာ လမ်းဆုံနေရာအနီးတွင် မော်တော်ယာဉ်တစ်စီးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ သထုံ - ဘားအံ ကားလမ်း မြိုင်ကလေးကျေးရွာ လမ်းဆုံအနီးတွင် ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ် တစ်စီးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦး၏ အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများ နှင့် လူမှုကူညီကယ်ဆယ်ရေးအ သင်းများထံမှ သိရသည်။


■ Read More - - - >>> https://news-eleven.com/article/247196
1.9K views10:03
ओपन / कमेंट
2023-04-22 13:00:35
ပုလောမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၁ လုံးဆုံးရှုံး

မီးလောင်မှု ဖြစ်စဉ်ဖြစ်ပွားရာနေရာ တွင်ရှိသည့်အိမ်ခြေများမှာ အများအားဖြင့် ဓနိမိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်းအိမ်အများ စုဖြစ် နေသည့်အတွက် မီးလောင်မှုပိုမိုမြန်ဆန်ခဲ့ ကာ အိမ်အများအပြားကူးစက်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/247195
1.7K views10:00
ओपन / कमेंट
2023-04-22 12:55:56
လေဆင်နှာမောင်းတိုက်ခတ်ကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် ရထားစက်ခေါင်းမောင်း သတိထားမောင်းနှင်ခဲ့သောကြောင့် လေပြင်းတိုက်ခတ်ခဲ့သော လယ်ဝေးမြို့နယ်၌ လူစီးကုန်တင်ရထားမှ ခရီးသည်နှင့်ရထား ထိခိုက်မှုမရှိဘဲဖြတ်ကျော်နိုင်ခဲ့

လယ်ဝေးမြို့နယ်တွင် လေဆင်နှာ မောင်း တိုက်ခတ်ကြောင်း ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းက သတင်းကြိုတင်ရရှိထားသဖြင့် စက်ခေါင်းမောင်း သတိထားမောင်းနှင်ခဲ့ သောကြောင့် လမ်းပိတ်ဆို့နေသော ရထား လမ်းနေရာအား တောင်တွင်းကြီးမှပျဉ်းမနား သို့ထွက်ခွာလာသော လူစီးကုန်တင်ရထား မှ ခရီးသည်နှင့် ရထားထိခိုက်မှုမရှိဘဲ ရှင်း လင်းဖြတ်ကျော်နိုင်ခဲ့ကြောင်း မြန်မာ့ မီး ရထား မှ အသိပေးထုတ်ပြန်ခဲ့သည်။


■ Read More - - - >>> https://news-eleven.com/article/247194
1.7K views09:55
ओपन / कमेंट
2023-04-21 09:31:04 တရုတ်တွင် ကိုဗစ်ကန့်သတ်ချက်များ အဆုံးသတ်ရေးအတွက် ဆန္ဒပြခဲ့သည့် အမျိုးသမီးနှစ်ဦး လေးလကြာဖမ်းဆီးခံရပြီးနောက် ပြန်လွတ်မြောက်လာ

COVID-19 ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို အဆုံးသတ်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အမျိုးသမီးနှစ်ဦးထက်မနည်းသည် လေးလနီးပါး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဧပြီ ၁၉ ရက်တွင် ပြန်လွတ်မြောက်လာခဲ့ကြောင်း ၎င်းတို့၏မိတ်ဆွေများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247118
295 views06:31
ओपन / कमेंट
2023-04-21 09:27:26
မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ River Side Restaurant တွင် ဆိုင်ဝန်ထမ်း အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံး

မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ River Side Restaurant တွင် ဧပြီ ၂၀ ရက် နံနက် ၁ နာရီ (၅၀) မိနစ်ခန့်က ဆိုင်ဝန်ထမ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဓါးဖြင့်အခုတ်ခံရသည့် ဆိုင်ဝန်ထမ်း အမျိုးသား၏ ယာဘက်လည်ပင်းတွင် လေးလက်မခန့် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ ဆိုင်ဝန်ထမ်းအမျိုးသားအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
351 views06:27
ओपन / कमेंट
2023-04-21 09:01:14
ကုမ္ပဏီတည်ထောင်ပြီးနောက် လုပ်ကိုင်လိုသော စီးပွားရေးလုပ်ငန်းများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်ကြရန် DICA အသိပေး

■ Read More - - - >>>https://news-eleven.com/article/247098
620 views06:01
ओपन / कमेंट
2023-04-21 08:31:23 ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်သည် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ် ဧပြီ ၂၀ ရက်က တရားဝင် ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်က ဟွန်မာနက်သည် အနာဂတ်တွင် ကမ္ဘောဒီးယားနိုင်ငံကို ဦးဆောင်မည့်သူအဖြစ် လူသိရှင်ကြား ထောက်ခံပြောဆိုထားသည်။

Read More - - - >>> https://news-eleven.com/article/247104
902 views05:31
ओपन / कमेंट
2023-04-21 08:00:29
၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ

■ Read More - - - >>>https://news-eleven.com/article/247109
1.0K views05:00
ओपन / कमेंट
2023-04-21 07:31:09 ယခုသီတင်းပတ်ကုန်တွင် ထိုင်ဝမ်သို့သွားရောက်မည်ဟု ဂွါတီမာလာသမ္မတ အလက်ဟန်ဒရိုဂျာမက်တေး အတည်ပြု

ထိုင်ဝမ်အနေဖြင့် လက်တင်အမေရိကနိုင်ငံများနှင့် သံခင်းတမန်ခင်း ဆက်ဆံရေးကို အခိုင်အမာတည်ဆောက်ရန် ကြိုးပမ်းနေခိုက် ဂွါတီမာလာသမ္မတ အလက်ဟန်ဒရို ဂျာမက်တေးက ယခုသီတင်းပတ်ကုန်တွင် ထိုင်ဝမ်သို့ သွားရောက်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247103
1.2K views04:31
ओपन / कमेंट
2023-04-21 07:01:57
ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲတွင် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

လာမည့် ဧပြီ ၂၂ ရက်၌ ကျင်းပပြုလုပ်မည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် မွန်ရိုးရာလှည်း ယဉ်ကျေးမှုပြိုင်ပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

■ Read More - - - >>>https://news-eleven.com/article/247095
1.3K views04:01
ओपन / कमेंट