Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 10

2023-04-20 16:46:21
မိုးမရွာမချင်း နေ့အပူချိန်များ မြင့်တက်နိုင်ပြီး တစ်ပြည်လုံးတွင် လက်ရှိအပူချိန်ထက် နှစ်ဒီဂရီခန့် ထပ်တိုးနိုင်ကြောင်း မိုးဇလတာဝန်ရှိသူ ပြောကြား

လက်ရှိတွင် တစ်ပြည်လုံး၌ နေ့အပူချိန်များ မြင့်မားနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပို၍အပူချိန်မြင့်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

■ Read More - - - >>>https://news-eleven.com/article/247096
5.6K views13:46
ओपन / कमेंट
2023-04-20 13:33:48
သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မင်းရာဇာအား အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ထပ်မံချမှတ်

“ဒီနေ့ ဧပြီ ၂၀ ရက်က သင်္ဃန်းကျွန်းခရိုင်တရားရုံးက သရုပ်ဆောင်မင်းရာဇာရဲ့ မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ် ထပ်မံချမှတ်လိုက်ပါတယ်” ဟု နစ်နာသူမိသားစုဘက်မှ လိုက်ပါကူညီဆောင်ရွက်နေသည့် ဒေါ်နော်အုံးလှထံမှ သိရသည်။

Read More - - - >>> https://news-eleven.com/article/247093
195 views10:33
ओपन / कमेंट
2023-04-20 13:30:00
လီမင်ဟိုနှင့် ဂုံဟိုဂျင်းတို့ပါဝင်သည့် ‘Ask the Stars’ ဒရာမာဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီး

အဓိကသရုပ်ဆောင်များအဖြစ် လီမင်ဟိုနှင့် ဂုံဟိုဂျင်းတို့ ပါဝင်ထားသည့် Ask the Stars ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှု ပြီးစီးသွားပြီဖြစ်သည်။ သို့သော်ထုတ်လွှင့်မည့် ရုပ်သံလိုင်းနှင့် နေ့ရက်ကိုမူ မကြေညာသေးပေ။

ရိုက်ကူးရေးက ဧပြီ ၁၂ ရက်က အားလုံးပြီးသွားခဲ့ပြီး အာကာသဇာတ်လမ်းဖြစ်သည့်အတွက် ရိုက်ကူးစဉ်တစ်လျှောက်လုံး visual effects (VFX) အများဆုံးသုံးထားဖွယ်ရှိသည်။

အာကာသယာဉ်အတွင်း အလေးချိန်မဲ့မှု ၊ အာကာသစခန်းအပြင်ဘက်ရှိ ကြယ်တာယာများ ၊ အာကာသ၏အလှရှုခင်းစသည်တို့ ပေါ်လွင်ရန် ရိုက်ကူးရေးနည်းစုံ သုံးရိုက်ထားသည်ဟု ထုတ်လုပ်ရေးအဖွဲ့သားတစ်ဦးကဆိုသည်။

မြေကမ္ဘာနှင့် အာကာသအကြား ချစ်ဇာတ်လမ်းကို လီမင်ဟိုနှင့် ဂုံဟိုဂျင်းတို့က ပုံဖော်ထားပြီး လီမင်ဟိုက အာကာသသို့သွားလည်ပတ်သည့် သားဖွားမီးယပ်ဆရာဝန်နေရာမှ ၊ ဂုံဟိုဂျင်းက အမှားတစ်ခုတစ်လေမှ လက်မခံသည့် အာကာသယာဉ်မှူးနေရာမှ ဆောင်ထားသည်။

Ask the Stars သည် အာကာသစခန်းကို နောက်ခံထားရိုက်ကူးထားသည့် ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲလည်း ဖြစ်သည်။
233 views10:30
ओपन / कमेंट
2023-04-20 11:43:27
တမူးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ရက်အတွင်း ထပ်မံ၍ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်

တမူးမြို့တွင် ဧပြီ ၁၈ ရက်က အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်မှ အပူချိန်စံချိန်သစ်အဖြစ် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နှစ်ရက်အတွင်း (ဧပြီ ၂၀ ရက်)တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၄၄ ဒီဂရီစင်တီဂရိတ်ဖြင့် ထပ်မံ၍ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More - - - >>> https://news-eleven.com/article/247084
1.1K views08:43
ओपन / कमेंट
2023-04-20 09:31:17 အဖိုးတန်နေ့ရက်လေးတွေ

Written by : မောင်မြင့်ဝင်း

ကိုယ်တွေက ပုထုဇဉ် ပဲရှိနေသေးလို့ စိတ်ကို အလုံးစုံကြီး မထိန်း သိမ်းနိုင်ရင်တောင် လတစ်လရဲ့ ဘယ်နှရက် ကိုတော့ဖြင့် ရအောင်ထိန်းမယ်။ အဲဒီကနေ အဆင့်တက်လာရင် နှစ်တစ်နှစ်မှာ လဘယ် လောက်ကိုတော့ဖြင့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းမယ်ဆိုတဲ့ အသိစိတ်လေး ဖြစ်တည်ရင် ကို ပြောင်းလဲသွားတဲ့ နှစ်တွေဟာ ကိုယ့်အ တွက် အဖိုးတန် နေ့ရက်လေးတွေ ပိုင်ဆိုင်ခွင့် ရမှာ။ နောက်ဆုံး သီတင်းပတ်တစ်ခုရဲ့ကိုယ့်ရဲ့ မွေးနေ့ရက်မြတ်လေးတွေမှာပဲ ဖြစ်ဖြစ် ကိုယ် လေးစားတန်ဖိုးထားရသူတွေရဲ့ မွေးနေ့ရက် မြတ်လေးတွေမှာပဲ ဖြစ်ဖြစ် အဲဒီရက်လေး တွေမှာ ကိုယ့်ရဲ့ စိတ်ကိုမကောင်းတဲ့ အရောင် တွေ မဆိုးစေဘဲ ထိန်းသိမ်းနိုင်ပြီဆိုရင်ကိုပဲ အကျိုးများလှပါပြီ။


■ Read More - - - >>> https://news-eleven.com/article/247043
1.7K views06:31
ओपन / कमेंट
2023-04-20 09:30:57
ကော့ကရိတ်မြို့၊ တံတားကျိုးအဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့

Read More - - - >>> https://news-eleven.com/article/247074
1.5K views06:30
ओपन / कमेंट
2023-04-20 08:31:13
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၇၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွား

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရမှု ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း နှစ်ထောင်ခုနစ်ရာ (၂၇၀၀) ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း သတင်းရရှိသည်။

Read More - - - >>> https://news-eleven.com/article/247071
1.7K views05:31
ओपन / कमेंट
2023-04-20 07:30:48
တာလီဘန်အဖွဲ့၏အုပ်ချုပ်မှုအောက်တွင် အာဖဂန်နိုင်ငံသား ၃၄ သန်း ဆင်းရဲချို့တဲ့စွာနေထိုင်နေရဟု ကုလသမဂ္ဂ ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အစိုးရ ပြိုကျခဲ့ပြီး တာလီဘန်တို့ နိုင်ငံ့အာဏာကို ထိန်းချုပ်ခဲ့ချိန်တွင် ဆင်းရဲချို့တဲ့စွာနေထိုင်ရ သည့် အာဖဂန်နိုင်ငံသားအရေအတွက်သည် နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီး ၃၄ သန်းအထိရှိလာခဲ့သည်ဟု ကုလသမဂ္ဂက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247059
1.8K views04:30
ओपन / कमेंट
2023-04-20 06:45:24
The Daily Eleven Newspaper - Cartoon ( 20 - Apr - 2023)
1.8K views03:45
ओपन / कमेंट
2023-04-20 06:30:27
COVID-19 ကပ်ရောဂါသည် မတည်ငြိမ်သောအခြေအနေတွင် ဆက်လက်တည်ရှိနေဆဲဖြစ်ဟု WHO သတိပေး

COVID-19 ကပ်ရောဂါသည်မတည် ငြိမ်သော အခြေအနေတွင် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၁၈ ရက်တွင် သတိပေးခဲ့ပြီး ဗိုင်းရပ်စ်သည် ကြိုတင်မှန်းဆနိုင်သောပုံစံ တစ်ခုသို့ မရောက်ရှိမီ နောက်ထပ်ပြဿနာများ ရှိလာနိုင်သည်ဟု ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247053
1.8K views03:30
ओपन / कमेंट