Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 35.99K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश

2023-07-24 17:31:09
မြောက်ကိုရီးယားနှင့် အခြေအနေတင်းမာနေစဉ် အမေရိကန်ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိလာ

နျူကလီးယားလက်နက် တပ်ဆင်ထားသည့် အမေရိကန်ရေငုပ်သင်္ဘောတစ်စင်း ဆယ်စုနှစ်လေးခုအတွင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး ရက်ပိုင်းအကြာ ဇူလိုင် ၂၄ ရက်တွင် အမေရိကန်၏ နျူ ကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိလာခဲ့သည်။

မြောက်ကိုရီးယား၏ အန္တရာယ်ကို ဟန့်တားကာကွယ်ရန် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများကို ကိုရီးယားကျွန်းဆွယ်၌ တိုးမြှင့်ဖြန့်ကြက်ရန် မဟာမိတ်နှစ်နိုင်ငံက ကြိုးပမ်းလျက်ရှိသည်။

■ Read More - - - >>> https://news-eleven.com/article/251241
1.4K views14:31
ओपन / कमेंट
2023-07-24 17:01:12
ထိုင်းနိုင်ငံသို့ ငါးသွားရောက်ရောင်းချနေသည့် ကမ်းနီးငါးသယ်လှေများတွင် VMS တပ်ဆင်ရမည်ဖြစ်ကြောင်းသိရ

တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းလှေများမှရရှိသော ငါးများကို ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေများတွင် VMS တပ်ဆင်ရန် ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ယခုလအတွင်း အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/251237
1.6K views14:01
ओपन / कमेंट
2023-07-24 16:33:49





1.7K views13:33
ओपन / कमेंट
2023-07-24 16:30:39
ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိကြောင်း အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) ပြောကြား

ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား အာဏာရပါတီက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ကြောင်း အမေရိကန်ကဲ့သို့သော နိုင်ငံများက ပြင်းထန်စွာ ဝေဖန်ထားသည်။

■ Read More - - - >>> https://news-eleven.com/article/251240
1.5K views13:30
ओपन / कमेंट
2023-07-24 15:31:15
ကျူးကျော်မှုအစပိုင်းတွင် ရုရှားသိမ်းယူထားသော နယ်မြေ ၅၀ ရာခိုင်နှုန်းခန့်ကို ယူကရိန်းက ပြန်လည်သိမ်းပိုက်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား

စတင်ကျူးကျော်စအချိန်တွင် ရုရှားသိမ်းပိုက်ထားသောနယ်မြေများထဲက နယ်မြေတစ်ဝက်ကို ယူကရိန်းက ပြန်လည်သိမ်းယူထားသည်ဆိုသော်လည်း ယူကရိန်းသည် နောက်ထပ်နယ်မြေများကို ပြန်လည်ရရှိရန် အလွန် ခက်ခဲစွာ တိုက်ခိုက်ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားသည်။

“ကနဦးမှာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေထဲက နယ်မြေ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်လည်သိမ်းယူထားပါတယ်”ဟု ဇူလိုင် ၂၃ ရက်တွင် CNN သတင်းဌာနနှင့် အင်တာဗျူး၌ ဘလင်ကင်က ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/251230
1.8K views12:31
ओपन / कमेंट
2023-07-24 15:06:16
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်-နန်းယွန်း ကားလမ်းမကြီးတွင် ယာဉ်တစ်စီး ဘရိတ်ရှုးပေါက်၍ တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လဟယ်-နန်းယွန်း ကားလမ်းမကြီးတွင် FORLAND အဖြူရောင်ယာဉ်တစ်စီးသည် ဘရိတ်ရှုးပေါက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အမျိုးသား ခုနှစ်ဦးအနက် သုံးဦးမှာစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဇူလိုင် ၂၃ ရက် ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

■ Read More - - - >>> https://news-eleven.com/article/251238
1.9K views12:06
ओपन / कमेंट
2023-07-24 15:02:04
ကုန်စည်စျေးနှုန်းများမြင့်တက်စေရန် ဆွဲတင်လှုံ့ဆော်သူများ၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်စေရန် ကြိုးစားနေသူများကို အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဗဟိုဘဏ်ထုတ်ပြန်

အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်စျေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန်ကြိုးစားနေသူများသည် ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ၎င်းတို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

■ Read More - - - >>> https://news-eleven.com/article/251233
1.8K views12:02
ओपन / कमेंट
2023-07-24 14:45:33
ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၊ ပျက်စီးမှုကို လျှောက်ထားပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်ပေးပို့စိစစ်ပြီး ခွင့်ပြုချက်ရရှိမှ အသစ်ပြန်လည်ပြုလုပ်ပေးမည်

“နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးသည့် အမှုတွဲများအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်ပေးပို့စိစစ်ပြီး၊ ခွင့်ပြုချက်ရရှိမှသာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ အသစ်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

■ Read More - - - >>> https://news-eleven.com/article/251232
1.8K views11:45
ओपन / कमेंट
2023-07-24 14:32:17
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်နေသည့်လုပ်ငန်းခွင် Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရ

အဆိုပါကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် Drop Bomb ခုနစ်လုံးခန့် ပစ်ချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/251236
1.8K views11:32
ओपन / कमेंट
2023-07-24 14:17:01
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာအမိန့်မှာ အွန်လိုင်းတွင် စျေးရောင်းခြင်းများကို တားမြစ်ပိတ်ပင်သည့် အမိန့်မဟုတ်ဘဲ ဥပ​ဒေနှင့် မဆန့်ကျင်​သော ပစ္စည်းမှန်သမျှ မှတ်ပုံတင်ပြီး ဆက်လက်ရောင်းချနိုင်

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာအမိန့်မှာ အွန်လိုင်းတွင်စျေးရောင်းခြင်းများကို တားမြစ်ပိတ်ပင်သည့် အမိန့်မဟုတ်ဘဲ ဥပ​ဒေနှင့် မဆန့်ကျင်​သော ပစ္စည်းမှန်သမျှ မှတ်ပုံတင်ပြီး ဆက်လက်ရောင်းချနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

■ Read More - - - >>> https://news-eleven.com/article/251235
1.9K views11:17
ओपन / कमेंट