Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.14K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 13

2023-04-19 11:51:54 စစ်ပွဲအတွင်း ခင်ပွန်းများကို ဆုံးရှုံးခဲ့ရသည့် ယူကရိန်းအမျိုးသမီးများ၏ ပူဆွေးသောကများ

■ TRANSLATED- မေသုတ

ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် သူ့ခင်ပွန်းဖြစ်သူ မီဟိုင်လိုသည် သူ့မွေးနေ့တွင် သူ့ကို ဆက်သွယ်ခြင်း မရှိခဲ့သည့် ယခုနှစ် ဇန်နဝါရီလတွင် အိုလာဆွစ်ရှစ်သည် အဆိုးရွားဆုံးအခြေအနေအတွက် ပူပင်သောကရောက်ခဲ့ရသည်။

ရုရှား၏ ကျူးကျော်မှု တစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ဆွစ်ရှစ်သည် စစ်ပွဲအတွင်း ခင်ပွန်းသည်များကို ဆုံးရှုံးခဲ့ရသည့် မုဆိုးမများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ရုရှား၏ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်မည့် ယူကရိန်း၏ ဆုံးဖြတ်ချက်ကြောင့် ဆုံးရှုံးမှုများကို ဆက်လက် ရေတွက်ရဖွယ်ရှိနေသည်။

ယူကရိန်း-ရုရှားစစ်ပွဲတွင် နှစ်ဖက်စလုံးက ကျဆုံးခဲ့သည့် စစ်သားအရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း မကြာသေးမီက ပေါက်ကြားခဲ့သည့် အမေရိကန်ထောက်လှမ်းရေး အချက်အလက်များတွင်မူ ယူကရိန်းစစ်မှုထမ်း ၁၇,၅၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/247031
1.9K views08:51
ओपन / कमेंट
2023-04-19 11:30:00
ဂျိုးအယ်လ်ဝင်နှင့် ပြတ်ပြီးနောက် ၎င်းကို စိတ်ပူနေသည့် ပရိသတ်များအား တေလာဆွစ်က လက်မထောင်ပြ
ဧပြီ ၁၅ ရက်က ဖလော်ရီဒါပြည်နယ်တွင် ကျင်းပသည့် ဖျော်ဖြေပွဲတွင် ပေါ့ပ်စတားတေလာဆွစ်က “You Ok” ဆိုသည့်စာတန်း ကိုင်ဆောင်ထားသည့် ပရိသတ်တစ်ဦးကိုတွေ့ပြီး လက်မပြန်ထောင်ပြခဲ့ခြင်းဖြစ်သည်။ ထိုအချိန် တေလာဆွစ်က Delicate ဆိုသည့်သီချင်းကို သီဆိုနေခဲ့သည်။
Read More - - - >>> https://news-eleven.com/article/247033
1.9K views08:30
ओपन / कमेंट
2023-04-19 10:50:59
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး နေ့အပူရှိန်ကြောင့် လဲကျသေဆုံး

"အသက် ၇၀ ဝန်းကျင်အရွယ် သက်ကြီးအမျိုးသားတစ်ဦး နေ့အပူရှိန်ကြောင့် လဲကျသေဆုံးတာပါ။‌ ၁၁ နာရီ ၅၀ မိနစ်မှာ ဖြစ်တာပါ။ နေကအရမ်းပူတဲ့အချိန်မှာ ဖြစ်တာပါ"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

■ ဓာတ်ပုံ - မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့

Read More - - - >>> https://news-eleven.com/article/247036
2.2K views07:50
ओपन / कमेंट
2023-04-18 17:30:52
ယူကရိန်းစစ်ပွဲအတွက် ဘရာဇီးနှင့် အမေရိကန်အပြန်အလှန်အပြစ်တင်နေစဉ် ဘရာဇီးသမ္မတနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို တွေ့ဆုံ

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ဧပြီ ၁၇ ရက်က ဘရာဇီးနိုင်ငံတွင် ဘရာဇီးသမ္မတ လူးဝစ်အီနာစီယိုလူလာဒါဆေးလ်ဗားနှင့် တွေ့ဆုံခဲ့ပြီးယူကရိန်းအတွက် အမေရိကန် ကာကွယ်ရေးအကူအညီများနှင့်စပ်လျဉ်း၍ ဘရာဇီးသမ္မတ၏ မကြာသေးမီကပြောဆိုမှုများကို အမေရိကန်ကဝေဖန်နေစဉ် ၎င်းတို နှစ်ဦးတွေ့ဆုံခြင်းဖြစ်သည်။

Read More - - - >>> https://news-eleven.com/article/247010
671 views14:30
ओपन / कमेंट
2023-04-18 16:30:44
ဧပြီ ၁၈ ရက် ညပိုင်းသတင်းအစီအစဉ်( တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)

■ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိ
■ ပေါင်းတည်မြိ့နယ် သခွတ်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူးအား နေအိမ်တွင် ရှိနေစဉ် အမျိုးသား ငါးဦးက လာရောက်ပစ်သတ်
■ ယူကရိန်းစစ်ပွဲအတွက် ဘရာဇီးနှင့် အမေရိကန်အပြန်အလှန်အပြစ်တင်နေစဉ် ဘရာဇီးသမ္မတနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
■ ယူကရိန်းစစ်ပွဲတွင် ရုရှားကိုလက်နက်နှင့်အခြားအကူအညီပေးနေသူများ ဆိုးဆိုးရွားရွားထိခိုက်ဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်ဟု ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ သတိပေး
■ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် သမ္မတရှီကျင်းပင် တိုက်တွန်းခဲ့ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ဖော်ပြ
■ လိဒ်စ်နှင့်ပွဲမှာ လီဗာပူးလ်၏ လက်ရှိရာသီအကောင်းဆုံးပွဲဟု ကလော့ပ် ကြွေးကြော်
1.2K views13:30
ओपन / कमेंट
2023-04-18 16:30:00
ဆီးရီးယားတွင်ပြုလုပ်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်အုပ်စု၏ အကြီးတန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ဟု အမေရိကန်စစ်တပ်ပြောကြား

ဧပြီ ၁၇ ရက်က အမေရိကန်၏ ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်မှုအတွင်း ဥရောပနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သံသယရှိနေသော ဆီးရီးယားရှိ အိုင်အက်စ် အုပ်စု၏အကြီးတန်း ခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247008
1.1K views13:30
ओपन / कमेंट
2023-04-18 16:27:34 သံဖြူဇရပ်မြို့နယ် ပင ကျေးရွာတွင် လက်လုပ်မိုင်း ဖောက်ခွဲသူနှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး လက်လုပ်မိုင်းများ ဝှက်ထားသည့်နေရာကို လိုက်ပြစဉ် ထွက်ပြေးသည့်အတွက် အသေပစ်ခတ် ဖမ်းဆီး

သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက လက်လုပ်မိုင်းဖောက်ခွဲသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်လက် လုပ်မိုင်းများ ဝှက်ထားသည့်နေရာအား လိုက်ပြစဉ် ထွက်ပြေးသည့်အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။

■ Read More - - - >>> https://news-eleven.com/article/247011
1.1K views13:27
ओपन / कमेंट
2023-04-18 16:15:25
ကြို့ပင်ကောက်မြို့နယ် ကုန်းမြင့်ကျေးရွာ ရွှေကံ့ကော်လမ်းတွင် အမျိုးသားတစ်ဦး နေအိမ်ရှိရေတွင်းထဲသို့ ပြုတ်ကျသေဆုံး

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - MFSD)

ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်းတွင် အမျိုးသားတစ်ဦး နေအိမ်ရှိရေတွင်းထဲသို့ ပြုတ်ကျသေဆုံးမှု ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။

ဧပြီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲကျော် တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်း နေအိမ်တစ်အိမ်ရှိ ရေတွင်းအတွင်းသို့ လူ တစ်ဦး ပြုတ်ကျကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်ရှိ ရေတွင်းအတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ ကြို့ပင်ကောက်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရေတွင်းထဲသို့ ပြုတ်ကျသူ အမျိုးသား (သေဆုံး) ကို ကလျာဏမိတ္တ နာ ရေးကူညီမှုအသင်းမှယာဉ်ဖြင့် ကြို့ပင် ကောက် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
1.2K views13:15
ओपन / कमेंट
2023-04-18 15:30:28
တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် သမ္မတရှီကျင်းပင် တိုက်တွန်းခဲ့ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာဖော်ပြ

မြောက်ကိုရီးယားက မကြုံဖူးလောက်အောင် လက်နက်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည့်အပေါ် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချပြောဆိုထားသည်။

Read More - - - >>> https://news-eleven.com/article/247006
1.5K views12:30
ओपन / कमेंट
2023-04-18 12:20:29
မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများ တင်ဆောင်လာသော ၂၂ ဘီး တွဲကား ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခြောက်ဦးသေဆုံး

မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်းခြောက်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီ ၁၆ ရက် နံနက် ၁၁ နာရီခွဲ ခန့်က ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan အိမ်စီးယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/247001

ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
2.2K views09:20
ओपन / कमेंट