Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 2

2023-07-24 14:03:32
ရွှေစျေးကစားမှုများ မဖြစ်လာစေရန် မန္တလေးရွှေစျေးကွက်ကို ယာယီပိတ်ထားပြီး ကောလာဟလများ ထုတ်လွှင့်ကာ ရွှေစျေးနှုန်း မတည်ငြိမ်အောင် ရောင်းဝယ်ခြင်းများမပြုလုပ်ရန် ရန်ကုန်ရွှေအသင်း ထုတ်ပြန်

“လက်ရှိ ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက် ရှိလာမှုကို အကြောင်းပြုပြီး ရွှေစျေးကစားမှုများ မဖြစ်လာစေရန်အတွက် မန္တလေးအသင်း ရွှေစျေးကွက်ကို ယာယီပိတ်ထားပါမည်။ ရွှေစျေးကို မတရားသဖြင့် စျေးတင် ရောင်းချ/ဝယ်ယူသူများကိုလည်း သက်ဆိုင်ရာမှ ထိရောက်စွာ အရေးအယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်” ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

■ Read More - - - >>> https://news-eleven.com/article/251234
2.0K views11:03
ओपन / कमेंट
2023-07-24 10:58:10
နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၄ ရက်မှစတင်ကာ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကြေညာ

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၄ ရက်မှစတင်ကာ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင် ၂၄ ရက်တွင် သတင်း ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ကြေညာချက်၌ ‘ ကွာလာလမ်ပူမြို့ မြန်မာသံရုံးအနေဖြင့် ညွှန်ကြားချက်အရ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ ၂၄-၇-၂၀၂၃ မှစတင်၍ ယခင်ကောက်ခံနေသည့် ဒေသသုံးရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံသွားဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်’ ဟု ရေးသားဖော်ပြထားသည်။

■ Read More - - - >>> https://news-eleven.com/article/251216
2.5K views07:58
ओपन / कमेंट
2023-07-24 10:51:30
ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ရာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိသဖြင့် လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိ

ထားဝယ်မြိုရှိ ဝန်ကြီးအိမ်ရာအား ဇူလိုင် ၂၂ ရက်ညပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာမှုအပေါ် မေးမြန်းမှုအား အထက်ပါကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

■ Read More - - - >>> https://news-eleven.com/article/251215
2.3K views07:51
ओपन / कमेंट
2023-07-24 10:41:08
ဘီးလင်မြို့နယ် တောင်စွန်းကျေးရွာအုပ်စုရှိ ရွှေဆိုင်တစ်ဆိုင်မှ သုံးကျပ်သားရွှေလက်ကောက်အား အမျိုးသားတစ်ဦးက လုယူထွက်ပြေးမှုဖြစ်ပွား

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအုပ်စု ဘုရင့်နောင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “မနီမာ” ရွှေဆိုင်သို့ အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများ ပြသခိုင်းပြီးနောက် ရွှေလက်ကောက်တစ်ကွင်းကို လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/251212
2.3K views07:41
ओपन / कमेंट
2023-07-24 10:27:03
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုးမှုကြောင့် ပဲ့ကျပျက်ဆီးခဲ့သည့် ရေး-ကျောင်းရွာလမ်းပိုင်းရှိ တံတားအား ပြန်လည်ပြုပြင်မှုများ စတင်ပြုလုပ်နေ

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုးမှုကြောင့် ပဲ့ကျပျက်ဆီးခဲ့သည့် ကျောက်မီးချောင်းကျေးရွာအနီး ရေး-ကျောင်းရွာလမ်းပိုင်းရှိ တံတားအား ယနေ့ (ဇူလိုင် ၂၄ ရက်) မနက်ပိုင်းမှ စတင်ကာ ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

■ Read More - - - >>> https://news-eleven.com/article/251209
2.2K views07:27
ओपन / कमेंट
2023-07-24 09:56:03
ဗေဒင်နှင့် အကြားအမြင်ဟောတမ်း ထုတ်သူအားလုံး လိုင်စင်လျှောက်ထားရမည်ဆိုသော အမိန့်စာ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိ

လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ အမှန်တကယ် ထုတ်ပြန်ခဲ့ခြင်း ရှိ/မရှိ မေးမြန်းမှုအပေါ် “သတင်းအမှားဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားထားသည်။

■ Read More - - - >>> https://news-eleven.com/article/251205
3.8K views06:56
ओपन / कमेंट
2023-07-24 07:30:29 စီးပွားရေး မညီမျှမှုများနှင့် မျှော်တလင့်လင့် ထိုင်းနိုင်ငံရေး

■ Written by : စောနိုင် (အသုံးချဘောဂဗေဒ)

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လူတန်းစားအမျိုးမျိုး၏ ဝင်ငွေအပြောင်းအလဲဖြစ်ပေါ်မှုများက ထိုင်းနိုင်ငံ၏ လူလတ်တန်းစားနှင့်၎င်းတို့ထက်အနည်းငယ်မြင့်မားသော လူတန်းစား (ဝင်ငွေမြင့်မားသူများကို ဆိုလိုခြင်းမဟုတ်) တို့၏ အခြေအနေများ ပိုမိုဆိုးရွားလာကြောင်းဖော်ပြနေသည်။ ဤကာလအတွင်း ဝင်ငွေအမြင့်မားဆုံး လူတန်းစား ၂၀ ရာခိုင်နှုန်း၏ ဝင်ငွေပမာဏ ၁၉ ရာခိုင်နှုန်းနီးပါးကျဆင်းသွားခဲ့ပြီး ဒုတိယမြောက်ဝင်ငွေအမြင့်ဆုံးလူဦးရေ၏၂၀ ရာခိုင်နှုန်း၏ဝင်ငွေသည်လည်း သုံး-ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုဆိုသည်။

လက်ရှိအခြေအနေများအရ ထိုင်းနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုသည် မသေချာမရေရာများဖြင့် ရှိနေဆဲ။ အစိုးရသစ်ကို အောင်မြင်စွာဖွဲ့နိုင်ခဲ့လျှင်ပင်နိုင်ငံအတွင်း စီးပွားရေးညီမျှမှု ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်လုပ်ဆောင်နိုင်ရေးမှာ ထင်သလောက်မလွယ်ကူပေ။ ဝင်ငွေမညီမျှ ပြဿနာသည်နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ထိုအခြေအနေကို ပြောင်းလဲနိုင်ရေးမှာ အချိန်ယူ၍ အားထုတ်ရမည်။ မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲကိုအားတက်သရောတောင်းဆိုနေသည့်အသံများနှင့်အတူ ထိုင်းနိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ကာလကြာရှည်ပျောက်ဆုံးနေခဲ့သည့် နိုင်ငံသားများ၏ အပေါင်းလက္ခဏာမြင်ရှုချက်များ ပြန်လည်ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

■ Read More - - - >>> https://news-eleven.com/article/251158
2.6K views04:30
ओपन / कमेंट
2023-07-24 05:31:03 မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ


မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် လျက်ရှိကြသည့် နိုင်ငံတကာမှလုပ်ငန်းရှင် များက လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကုန်သည်စက်မှုအသင်းချုပ် သို့ လာရောက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဥရောပ၊ ပြင်သစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)၊ ထိုင်းနိုင်ငံကုန်သည်စက်မှုအသင်း များမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎တို့အသင်း ဝင်လုပ်ငန်းရှင်များ၏ စီးပွားရေးအခြေအနေများနှင့် ကုန်သွယ်မှုပြုလုပ်ရန် အခက်အခဲများ တင်ပြခဲ့ကြသည်။


■ Read More - - - >>> https://news-eleven.com/article/251151
2.8K views02:31
ओपन / कमेंट
2023-06-11 02:30:39
စစ်ကိုင်းမြို့ရှိ ထူပါရုံစေတီတော်ကြီး သည် မြန်မာသက္ကရာဇ် ၈ဝ၆ ခုနှစ်တွင် အင်းဝဘုရင်နရပတိမင်းကြီးက တည်ထားကိုးကွယ်တော်မူခဲ့ကြောင်း၊ သီဟိုဠ်ကျွန်းက ထူပါရာမစေတီတော်နှင့် ပုံတော်တူအောင်ပြုလုပ်ပြီး အမြင့်သံတောင် ၁၃၅ တောင်အမြင့်ဆောင်ကာ တည်တော်မူခဲ့ကြောင်း၊ သီဟိုဠ်မင်းက ပေးဆက်လာသော ဓာတ်တော်များကို (ထူပါရုံပုံ) ကြုပ်နှင့်တကွ ဌာပနာပူဇော်ခဲ့ကြသည်။

စေတီတော်ပူဇော်ပွဲသို့ သီဟိုဠ်မင်း၊ ပြည်မင်း၊ ဟံသာဝတီမင်း၊ ပဲခူးမင်း၊ တနင်္သာရီမင်း၊ တရုတ်မင်း၊ ယိုးဒယားမင်း၊ လင်းဇင်းမင်း၊ မျက်နှာမည်းမင်း၊ မိုင်းစည်စော်ဘွား၊ ဝန်းခင်စော်ဘွားတို့ အလုံးအရင်း
နှင့်လာရောက်ကြကြောင်း၊ ကြီးကျယ်သော မင်းပွဲသဘင် ဆင်ယင်ခဲ့ကြကြောင်း သိရှိရပါသည်။

သက္ကရာဇ် ၈၄၇ ခု ၊ သက္ကရာဇ် ၈၆၃ ခု ၊ သက္ကရာဇ် ၉၅၂ စသည့် ခုနှစ်တို့တွင် ငလျင်ကြီးလှုပ်ပြိုကျပျက်စီးခဲ့ကြောင်း၊ သက္ကရာဇ် ၉၆၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီး ပြင်ဆင်ပြီးစီးခဲ့ပြီးသက္ကရာဇ် ၁ဝဝ၈ ခုနှစ်တွင် သာလွန်မင်းကြီး ရွှေကိုယ်လုံးတော်ပြည့် ကပ်လှူပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၁၄ဝ ခုနှစ်တွင် စဉ့်ကူးမင်း ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့ပြီး သက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် ဗဒုံမင်း ထီးတော်အသစ်တင်လှူ ပူဇော်ခဲ့ပြန်သည်။
187 views23:30
ओपन / कमेंट
2023-06-10 17:30:00 တရုတ်သည် ကျူးဘားတွင် စပိုင်စခန်းတစ်ခုတည်ထောင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်ကို ပြင်းထန်စွာဝေဖန်

တရုတ်သည် ကျူးဘားနိုင်ငံတွင် စပိုင် စခန်းတစ်ခုတည်ထောင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများထွက်ပေါ်မှုနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်ကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး အမေရိကန်သည် ကျူးဘား၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု ဇွန် ၉ ရက်က သတိပေးခဲ့သည်။

Read More - - - >>> https://news-eleven.com/article/249440
1.7K views14:30
ओपन / कमेंट