Get Mystery Box with random crypto!

စစ်ကိုင်းမြို့ရှိ ထူပါရုံစေတီတော်ကြီး သည် မြန်မာသက္ကရာဇ် ၈ဝ၆ ခ | Eleven Media Group

စစ်ကိုင်းမြို့ရှိ ထူပါရုံစေတီတော်ကြီး သည် မြန်မာသက္ကရာဇ် ၈ဝ၆ ခုနှစ်တွင် အင်းဝဘုရင်နရပတိမင်းကြီးက တည်ထားကိုးကွယ်တော်မူခဲ့ကြောင်း၊ သီဟိုဠ်ကျွန်းက ထူပါရာမစေတီတော်နှင့် ပုံတော်တူအောင်ပြုလုပ်ပြီး အမြင့်သံတောင် ၁၃၅ တောင်အမြင့်ဆောင်ကာ တည်တော်မူခဲ့ကြောင်း၊ သီဟိုဠ်မင်းက ပေးဆက်လာသော ဓာတ်တော်များကို (ထူပါရုံပုံ) ကြုပ်နှင့်တကွ ဌာပနာပူဇော်ခဲ့ကြသည်။

စေတီတော်ပူဇော်ပွဲသို့ သီဟိုဠ်မင်း၊ ပြည်မင်း၊ ဟံသာဝတီမင်း၊ ပဲခူးမင်း၊ တနင်္သာရီမင်း၊ တရုတ်မင်း၊ ယိုးဒယားမင်း၊ လင်းဇင်းမင်း၊ မျက်နှာမည်းမင်း၊ မိုင်းစည်စော်ဘွား၊ ဝန်းခင်စော်ဘွားတို့ အလုံးအရင်း
နှင့်လာရောက်ကြကြောင်း၊ ကြီးကျယ်သော မင်းပွဲသဘင် ဆင်ယင်ခဲ့ကြကြောင်း သိရှိရပါသည်။

သက္ကရာဇ် ၈၄၇ ခု ၊ သက္ကရာဇ် ၈၆၃ ခု ၊ သက္ကရာဇ် ၉၅၂ စသည့် ခုနှစ်တို့တွင် ငလျင်ကြီးလှုပ်ပြိုကျပျက်စီးခဲ့ကြောင်း၊ သက္ကရာဇ် ၉၆၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီး ပြင်ဆင်ပြီးစီးခဲ့ပြီးသက္ကရာဇ် ၁ဝဝ၈ ခုနှစ်တွင် သာလွန်မင်းကြီး ရွှေကိုယ်လုံးတော်ပြည့် ကပ်လှူပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၁၄ဝ ခုနှစ်တွင် စဉ့်ကူးမင်း ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့ပြီး သက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် ဗဒုံမင်း ထီးတော်အသစ်တင်လှူ ပူဇော်ခဲ့ပြန်သည်။