Get Mystery Box with random crypto!

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၄ ရက် | Eleven Media Group

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၄ ရက်မှစတင်ကာ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကြေညာ

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၄ ရက်မှစတင်ကာ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင် ၂၄ ရက်တွင် သတင်း ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ကြေညာချက်၌ ‘ ကွာလာလမ်ပူမြို့ မြန်မာသံရုံးအနေဖြင့် ညွှန်ကြားချက်အရ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ ၂၄-၇-၂၀၂၃ မှစတင်၍ ယခင်ကောက်ခံနေသည့် ဒေသသုံးရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ သို့ ပြောင်းလဲကောက်ခံသွားဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်’ ဟု ရေးသားဖော်ပြထားသည်။

■ Read More - - - >>> https://news-eleven.com/article/251216