Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 3

2023-06-10 16:31:31
ဇွန်လ ၁၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

■ ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
■ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇၀ ကျော် နေရပ်ပြန်လည်ရောက်ရှိ
■ သထုံမြိုနယ်၊ ဝင်းပကျေးရွာရှိ အ.လ.က (ဝင်းပ) စာသင်ကျောင်းအားပိတ်ရန် ခြိမ်းခြောက်စာကပ်ထားကြောင်း သိရ
■ အမေရိကန်အနီး ကျူးဘားတွင် တရုတ်က ထောက်လှမ်းရေးစခန်းဆောက်မည်ဆိုသည့်သတင်းကို ကျူးဘားအစိုးရ ငြင်းဆို
■ ယူကရိန်းတောင်ပိုင်း ဇာပိုရီရှားဒေသတွင် လောလောလတ်လတ် တိုက်ပွဲဖြစ်ပွားနေရာ ယင်းတိုက်ပွဲသည် ယူကရိန်း ဘက်က တန်ပြန်ထိုးစစ်စတင်ခြင်းဖြစ်နိုင်ဟု လေ့လာစောင့်ကြည့်သူများ ပြောကြား
■ တာလီဘန်အစိုးရသည် နိုင်ငံတကာ NGO စာသင်ကျောင်းများကို ပိတ်ပင်ဖွယ်ရှိသည်ဟု UNICEF ပြောကြား
■ အသင်းပိုင်ရှင်တစ်ဦးဖြစ်လာရန် စီရော်နယ်လ်ဒို ရည်မှန်းထားဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
1.9K views13:31
ओपन / कमेंट
2023-06-10 15:42:01
ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး တွင် ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျည်သုံးလုံး ထပ်မံကျ‌ရောက်ပေါက်ကွဲပြီး ဒေသခံရွာသားတစ်ဦး ဒဏ်ရာရရှိ

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး ဇွန် လ ၉ ရက် ညပိုင်းက လက်နက်ကြီးကျည် သုံး လုံး ထပ်မံကျ‌ရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောကြားချက်များ အရ သိရ သည်။

ယမန်နေ့ (ဇွန် ၉ ရက်) ည ၉ နာရီခွဲ ဝန်း ကျင် အချိန်ခန့်တွင် လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်နက်ကြီး ကျည် တစ်လုံးက ရပ်ကွက် (၅) လောလုံးကွင်း အနီးမှာ နေတဲ့ ဦးစိုးနိုင် ဖွင့်လှစ်ထားတဲ့ ဆိုင် ကယ်ပြင်ရုံအနီးမှာ ကျပြီးပေါက်ကွဲတော့ ဦးစိုးနိုင် ရဲ့ သားဖြစ်သူ ကိုဂေါင်ကြီးက လက် နက် ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာက စိုးရိမ်စရာတော့ မရှိဘူးလို့ သိရ တယ်” ဟု ပြောကြားသည်။
2.0K views12:42
ओपन / कमेंट
2023-06-10 15:30:00
ဇူလိုင်လထဲတွင် ဘီလာရုစ်၌ စစ်မြေပြင်သုံး တာတိုပစ်နျူကလီးယားလက်နက်များကို စတင်ဖြန့်ကြက်မည်ဟု သမ္မတပူတင်ပြောကြား

ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ဒုံးလက်နက်သိုလှောင်သည့် အထူးအဆောက်အအုံများကို အသင့်ပြင်ဆင်ပြီးနောက် ဘီလာရုစ်တွင် စစ်မြေပြင်သုံး တာတိုပစ်နျူကလီးယားလက်နက်များကို စတင်ဖြန့်ကြက်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/249443
1.7K views12:30
ओपन / कमेंट
2023-06-10 14:30:00 တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိမြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်ပွား

“နဂါးလှေရေ”ဟု ဒေသတွင်း၌လူသိများ သော နွေရာသီ၏အထူးသဖြင့် ပထမဆုံးပြင်းထန်စွာ မိုးရွာသွန်းမှုကို ဂွမ်ရှီဒေသရှိ ဘိုင်ဟိုင်မြို့တွင် တွေ့ရပြီး ဇွန်၉ ရက်တွင် မိုးရေချိန် ၄၃၅ မီလီလီတာရှိသည်။ယင်းသည် ဇွန်လအတွက် ဒေသဆိုင်ရာ နေ့အလိုက်မှတ်တမ်းဖြစ်သည်ဟု တရုတ်မိုးလေဝသစီမံခန့်ခွဲရေးက ထုတ်ပြန်ထားသည်။

Read More - - - >>> https://news-eleven.com/article/249445
1.8K views11:30
ओपन / कमेंट
2023-06-10 13:30:00 သြဂုတ်လတွင် Twice အဖွဲ့ဝင် ဂျီဟို၏ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိမည်

တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီး K-pop အဖွဲ့ Twice ၏ အဖွဲ့ခေါင်းဆောင် ဂျီဟိုက တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမည့်အကြောင်း Twice အဖွဲ့၏ လူမှုမီဒီယာအကောင့်တွင် ဇွန် ၈ ရက်၌ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဂျီဟိုသည် နာယွန်းပြီးနောက် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမည့် ဒုတိယမြောက် Twice အဖွဲ့ဝင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

Read More - - - >>> https://news-eleven.com/article/249416
1.9K views10:30
ओपन / कमेंट
2023-06-10 12:59:24 သထုံမြို့နယ် ဝင်းပကျေးရွာ အလက (ဝင်းပ) စာသင်ကျောင်းအား ပိတ်ရန် ခြိမ်းခြောက်စာကပ်ထားကြောင်း သိရ

အဆိုပါ ခြိမ်းခြောက်စာတွင် “ဝင်းပ ကျောင်းတွင် ယခုနှစ် ကျောင်းသား/သူ များနေသည်၊ ဆရာမနဲ့ကျောင်းသား‌တွေကို ငါ မမြင်ချင်တော့ဘူး၊ အရင် မီးရှို့ခံရတာ မမှတ်သေးဘူးလား၊ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှ အပြီးမပိတ်ရင် တစ်ကျောင်းလုံး မီးရှို့ခံရမည်”ဟု စသည့် စာသားများ ရေးထားကြောင်း တွေ့ရသည်။

■ Read More - - - >>> https://news-eleven.com/article/249439
3.3K views09:59
ओपन / कमेंट
2023-06-10 12:57:51 ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ် စဒေါင်မြို့ လမ်းမကြီးတစ်နေရာတွင် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသားဟုယူဆရသူ အမျိုးသမီးနှစ်ဦး ကုန်ကားကြိတ်ခံရပြီးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်၊စဒေါင်မြို့ စမ် နတ်ခမ်ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ဇွန် လ ၈ ရက် ည ၁၂ နာရီခွဲအချိန်ခန့်တွင် ကုန် တင်ကားကြီးနှင့် ကြိတ်သဖြင့် လူသေဆုံး ကြောင်း စဒေါင်မြို့ရဲစခန်းသို့ တိုင်ကြားချက် ရရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့နှင့် တာဝန် ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ သည်။

■ Read More - - - >>> https://news-eleven.com/article/249438
1.9K views09:57
ओपन / कमेंट
2023-06-10 12:31:35
ဆူဒန်မြို့တော် ခါတွန်မှ လူသေအလောင်းများ

■ Read More - - - >>> https://news-eleven.com/article/249393
1.9K views09:31
ओपन / कमेंट
2023-06-10 09:54:38
လားရှိုး မြို့နယ် ဟက်ကာ ကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြေထိန်းနံရံ အုတ်တံတိုင်း ပြိုကျပြီး လေးဦး သေဆုံး

ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် မြေထိန်းနံရံအုတ်တံတိုင်း ပြိုကျခဲ့သဖြင့် လေးဦးသေဆုံးမှု ယနေ့(ဇွန် ၁၀ ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၀ ရက် ၊ နံနက် အစောပိုင်း ၁ နာရီခွဲခန့်တွင် လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြေထိန်းအုတ်တံတိုင်း လူနေအိမ်ပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေထိန်းအုတ်တံတိုင်းပြိုကျမှုကြောင့် ကလေး သုံးဦးနှင့် မိခင်တစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
2.3K views06:54
ओपन / कमेंट
2023-04-27 11:51:06 ရွှေဆိုင်များ၊ ရွှေကုန်သည်များ မီးလင်းရွှေတကျပ်သားလျှင် ကျပ် ၂၉ သိန်းအောက်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထုတ်ပြန်

Read More - - - >>> https://news-eleven.com/article/247405
608 views08:51
ओपन / कमेंट