Get Mystery Box with random crypto!

လားရှိုး မြို့နယ် ဟက်ကာ ကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြ | Eleven Media Group

လားရှိုး မြို့နယ် ဟက်ကာ ကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြေထိန်းနံရံ အုတ်တံတိုင်း ပြိုကျပြီး လေးဦး သေဆုံး

ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် မြေထိန်းနံရံအုတ်တံတိုင်း ပြိုကျခဲ့သဖြင့် လေးဦးသေဆုံးမှု ယနေ့(ဇွန် ၁၀ ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၀ ရက် ၊ နံနက် အစောပိုင်း ၁ နာရီခွဲခန့်တွင် လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြေထိန်းအုတ်တံတိုင်း လူနေအိမ်ပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေထိန်းအုတ်တံတိုင်းပြိုကျမှုကြောင့် ကလေး သုံးဦးနှင့် မိခင်တစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။