Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 7

2023-04-23 03:52:42 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၁၅၀၀ ရှိရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၇၄ သန်းကျော်အထိဖြစ်ပေါ်

■ Read More - - - >>> https://news-eleven.com/article/247198
1.8K views00:52
ओपन / कमेंट
2023-04-23 02:30:35
1.9K views23:30
ओपन / कमेंट
2023-04-22 20:06:37 COVID-19 ရောဂါဓာတ်ခွဲနမူနာ ၁၃၆၁၉ ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၄၆ ဦးတွေ့ရှိ

Read More - - - >>> https://news-eleven.com/article/247204
409 views17:06
ओपन / कमेंट
2023-04-22 18:30:00 တမူးမြို့နယ်၊ ကသာမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှ PDF အဖွဲ့ဝင် ၁၅ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ

Read More - - - >>> https://news-eleven.com/article/247193
1.1K views15:30
ओपन / कमेंट
2023-04-22 17:30:43
အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ ဖယ်ရှားခံရသည့်အချိန်အထိ စစ်အင်အားကို ဆက်လက်တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်မှာ ငြင်းပယ်နိုင် မည်မဟုတ်ဘဲ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ စစ်ရေးခြိမ်းခြောက်မှုများ ဖယ်ရှားခံရသည့်အချိန်အထိ ၎င်း၏စစ်အင်အားကို ဆက်လက်တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247201
1.6K views14:30
ओपन / कमेंट
2023-04-22 16:43:43
1.8K views13:43
ओपन / कमेंट
2023-04-22 16:43:36 သာကေတမြို့နယ် ၇ ဈေးလမ်းနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် သုံးဘီးယာဉ်နှင့် YBS ယာဉ်တိုက်မိပြီး ကလေးသုံးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရ

သာကေတမြို့နယ် ၇ ဈေးလမ်းနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် သုံးဘီးယာဉ်နှင့် YBS ယာဉ်တိုက်မိပြီး ကလေးသုံးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရရှိမှု ဧပြီ ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၂၂ ရက် ၊ ညနေ လေးနာရီခွဲကျော်ခန့်တွင် သာကေတမြို့နယ် ၊ ၇ ဈေးလမ်းမနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှသွားရောက်ခဲ့ကြောင်း သိရသည်။

"၇ ဈေးလမ်းနဲ့ ဇဗ္ဗူသီရိလမ်းထောင့်မှာ ဖြစ်တာပါ။သုံးဘီးက လမ်းထဲက ထွက်လာတာပါ။အဲ့မှာ လမ်းမပေါ်က သွားနေတဲ့ YBS က တိုက်မိတာပါ"ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ကလေးငယ်သုံးဦး ၊ အမျိုးသမီးနှစ်ဦးနှင့် သုံးဘီးမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"သုံးဘီးမောင်းတဲ့သူဒဏ်ရာရပါတယ်။ပြီးတော့ သုံးဘီးပေါ်က ကလေးငယ် ယောက်ကျားလေးနှစ်ဦး မိန်းကလေးငယ်တစ်ဦး နဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရပါတယ်"ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ပေးဆပ်သူတို့နှစ်လုံးသားပရဟိတအသင်း ၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

■ ဓာတ်ပုံ - ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်း
1.7K views13:43
ओपन / कमेंट
2023-04-22 16:33:05
ဧပြီလ ၂၂ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ စက်မှုဇုန်များနှင့် စက်မှုဇုန်ပြင်ပရှိ စီးပွားရေးလုပ်ငန်းများ စက်သုံးဆီ အလွယ်တကူဝယ်ယူရရှိရေးအတွက် Google Sheet အသုံးပြု ၍စက်သုံးဆီလျှောက်ထားရမည်
■ သတင်းကြိုတင်ရရှိထား၍ စက်ခေါင်းမောင်းသတိထားမောင်းနှင်ခဲ့သောကြောင့် လယ်ဝေး၌ လေဆင်နှာမောင်းတိုက်ခဲ့ သောနေရာမှ ရထားလမ်းပိတ်ဆို့နေသောနေရာအားလူစီးကုန်တင်ရထားမှ ခရီးသည်နှင့်ရထားထိခိုက်မှုမရှိပဲဖြတ်ကျော် နိုင်ခဲ့
■ တရုတ်နှင့်တင်းမာမှု မြင့်တက်နေခိုက် သမ္မတဘိုင်ဒင်က မေ ၁ ရက်တွင် အိမ်ဖြူတော်၌ ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံ မည်
■ နျူကလီးယားလက်နက်ဖျက်သိမ်းရန် G 7 ၏တိုက်တွန်းမှုသည် ကြားဝင်စွက်ဖက်ခြင်းဖြစ်ဟု မြောက်ကိုရီးယား စွပ်စွဲ
■ COVID-19 ကပ်ရောဂါကြောင့် ကလေးငယ် ၆၇ သန်းသည် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံခွင့်မရခဲ့ဟု ယူနီဆက်ဖ် ပြောကြား
■ ပိုချက်တီနိုကို နည်းပြခန့်အပ်ရန် ချယ်လ်ဆီး ဆွေးနွေး ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
1.5K views13:33
ओपन / कमेंट
2023-04-22 14:00:00 အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် နေပြည်တော်တွင်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေး

Read More - - - >>> https://news-eleven.com/article/247192
1.9K views11:00
ओपन / कमेंट
2023-04-22 13:37:48
ရန်ကုန်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Read More - - - >>> https://news-eleven.com/article/247199
1.9K views10:37
ओपन / कमेंट