Get Mystery Box with random crypto!

သာကေတမြို့နယ် ၇ ဈေးလမ်းနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် သုံးဘီးယာ | Eleven Media Group

သာကေတမြို့နယ် ၇ ဈေးလမ်းနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် သုံးဘီးယာဉ်နှင့် YBS ယာဉ်တိုက်မိပြီး ကလေးသုံးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရ

သာကေတမြို့နယ် ၇ ဈေးလမ်းနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် သုံးဘီးယာဉ်နှင့် YBS ယာဉ်တိုက်မိပြီး ကလေးသုံးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရရှိမှု ဧပြီ ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၂၂ ရက် ၊ ညနေ လေးနာရီခွဲကျော်ခန့်တွင် သာကေတမြို့နယ် ၊ ၇ ဈေးလမ်းမနှင့် ဇဗ္ဗူသီရိလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှသွားရောက်ခဲ့ကြောင်း သိရသည်။

"၇ ဈေးလမ်းနဲ့ ဇဗ္ဗူသီရိလမ်းထောင့်မှာ ဖြစ်တာပါ။သုံးဘီးက လမ်းထဲက ထွက်လာတာပါ။အဲ့မှာ လမ်းမပေါ်က သွားနေတဲ့ YBS က တိုက်မိတာပါ"ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ကလေးငယ်သုံးဦး ၊ အမျိုးသမီးနှစ်ဦးနှင့် သုံးဘီးမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"သုံးဘီးမောင်းတဲ့သူဒဏ်ရာရပါတယ်။ပြီးတော့ သုံးဘီးပေါ်က ကလေးငယ် ယောက်ကျားလေးနှစ်ဦး မိန်းကလေးငယ်တစ်ဦး နဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရပါတယ်"ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ပေးဆပ်သူတို့နှစ်လုံးသားပရဟိတအသင်း ၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

■ ဓာတ်ပုံ - ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်း