Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 5

2023-04-24 16:57:55
နစကဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း နေပြည်တော်တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘမ်ကီမွန်းအား ဧပြီ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

Read More - - - >>> https://news-eleven.com/article/247287
1.4K views13:57
ओपन / कमेंट
2023-04-24 16:50:25
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး (Happy water) များ ဖမ်းဆီးရမိ

Read More - - - >>> https://news-eleven.com/article/247286
1.3K views13:50
ओपन / कमेंट
2023-04-24 16:31:19
ဆူဒန်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် ပြည်ပနိုင်ငံများက ၎င်းတို့၏နိုင်ငံသားများကို ဆူဒန်နိုင်ငံမှ အလျင်အမြန် ကယ်ထုတ်

ပြိုင်ဘက် ဗိုလ်ချုပ်ကြီးနှစ်ဦးကို သစ္စာခံသောဆူဒန်တပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ပွဲများသည် ဒုတိယ သီတင်းပတ်အတွင်း ဝင်ရောက်လာစဉ် ဧပြီ ၂၃ ရက်တွင် ပြည်ပနိုင်ငံများမှာ ၎င်းတို့၏ နိုင်ငံသားများကို ဘေးလွတ်ရာသို့ အလျင်အမြန်ကယ်ထုတ်ခဲ့ကြသည်။

■ Read More - - - >>> https://news-eleven.com/article/247272
1.4K views13:31
ओपन / कमेंट
2023-04-24 16:27:17
ဧပြီလ ၂၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

■ တာမွေမြို့နယ် သတိပဌာန်လမ်းတွင် အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်း ၇ လွှာမှ ပြုတ်ကျပြီး သေဆုံး

■ ဖားကန့်မြို့ရှိ KTV တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး တပ်မတော်အရာရှိတစ်ဦးနှင့် အရပ်သားငါးဦး သေဆုံး

■ သာစည်မြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ

■ အမေရိကန်နှင့် ပြင်သစ်က ဆူဒန်ရှိ ၎င်းတို့၏သံရုံးဝန်ထမ်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

■ ထိုင်းတွင် ပြင်းထန်သည့်အပူချိန်ကြောင့် အပြင်မထွက်ရန် ဒေသခံများကို အာဏာပိုင်များက သတိပေး

■ ဘိုင်ယန်အသင်းကစားသမားများ နိုးကြားတက်ကြွမှုမရှိဟု တူဟယ်လ် ဝေဖန်
1.4K views13:27
ओपन / कमेंट
2023-04-24 16:01:00
ရာသီဥတုပူပြင်းခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရှိခြင်းတို့ကြောင့် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်း နေရာအနှံ့အပြား၌ သောက်သုံးရေရှားပါးပြတ်လပ်နှင့် တွေ့ကြုံနေရ

ယမန်နှစ်က သင်္ကြန်ကာလလွန်မှသာ သောက်သုံးရေရှားပါးမှုနှင့် တွေ့ကြုံရသော်လည်း ယခုနှစ်တွင်မှု မတ်လဆန်းပိုင်းကလည်းက သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောကြားသည်။

Read More - - - >>> https://news-eleven.com/article/247284
1.5K views13:01
ओपन / कमेंट
2023-04-24 15:36:01
Photo Essay

■ 'ပုပ္ပားတောင်ကလပ်နှင့် ပုပ္ပားတောင်မကြီး'

'ပုပ္ပားတောင်ကလပ်နှင့် ပုပ္ပားတောင်မကြီး' သည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်းမြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး ပုပ္ပားတောင်သည် ပဲခူးရိုးမ၏ မြောက်ဘက်စွန်းတွင် သီးခြားတည်ရှိနေသည့် တောင်တန်းကြီးဖြစ်သည်။ ပုပ္ပားတောင်ကလပ်သည် ပုပ္ပားတောင်မကြီး၏ အနောက်တောင်စွယ်တွင် ဆက်စပ်မှုမရှိဘဲ သီးခြားတည်ရှိနေသော ကျောက်တောင်ကြီးဖြစ်ပြီး ပုပ္ပားတောင်မကြီးနှင့် နှိုင်းဆလျှင် အမြင့်ပေ တစ်ဝက်ခန့်သာရှိသည်။ ပုပ္ပားတောင်ကလပ်သည် အမြင့်ပေ ၂၄၁၇ ပေရှိပြီး မတ်စောက်ကြောင်း၊ ပုပ္ပားတောင်အမြင့်မှာ ၄၉၈၁ ပေရှိသည်။

ပုပ္ပားတောင်မကြီးရှိ မီးတောင်ဟောင်းသည် ဘီစီ ၄၄၂ ခုနှစ်ခန့်က ပေါက်ကွဲခဲ့ကြောင်း၊ မီးတောင်ကြီးပေါက်ကွဲစဉ်က မီးတောင်၏ အဆို့ (Volcanic Plug) သည် ပုပ္ပားတောင်ကလပ်ဖြစ်လာသည်ဟု သတ်မှတ်ကြသည်။ ပုပ္ပားတောင်ကလပ်သည် လှေကားထစ်ပေါင်း ၇၀၀ ကျော်ရှိပြီး ဘုရားစေတီများ၊ ရိုးရာနတ်နန်းများ၊ ဓာတ်နန်းများ၊ အဘဘိုးမင်းခေါင်ရုပ်တုများကို တွေ့မြင်နိုင်ပြီး အစာတောင်းနေကြသည့် မျောက်များကိုလည်း တွေ့ရှိရသည်။
1.6K views12:36
ओपन / कमेंट
2023-04-24 15:31:18
တရုတ်၏ စစ်ရေးတည်ဆောက်မှု ကြီးမားလာခြင်းကြောင့် သြစတြေးလျက ၎င်း၏ စစ်တပ်ကို ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးပြုပြင်ပြောင်းလဲမည်

သြစတြေးလျသည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏ အကြီးဆုံးစစ်ရေးပြုပြင် ပြောင်းလဲမှုကို ဧပြီ ၂၄ ရက်တွင် ထုတ်ဖော်လိုက်ပြီး ပင်လယ်ရပ်ခြားနိုင်ငံများမှ ရန်သူဖြစ်လာနိုင်သူများကို ဟန့်တားရေးအတွက် စစ်တပ်ကို ပြန်လည်အာရုံစိုက်သွားမည်ဟု ဆိုသည်။

■ Read More - - - >>> https://news-eleven.com/article/247270
1.6K views12:31
ओपन / कमेंट
2023-04-23 14:02:37
၎င်း၏သံရုံးဝန်ထမ်းများကို နှင်ထုတ်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ဂျာမနီသံတမန် ၂၀ ကျော်ကို နှင်ထုတ်ကြောင်း ရုရှား ကြေညာ

ဂျာမနီသည် ရုရှား သံရုံးဝန်ထမ်းအများအပြားကို နှင်ထုတ်ခဲ့ပြီးနောက် ယင်းလုပ်ဆောင်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဂျာမနီ သံတမန် ၂၀ ကျော်ကို နှင်ထုတ်ခဲ့ကြောင်း ရုရှားက ဧပြီ ၂၂ ရက်တွင် ကြေညာခဲ့ပြီး ဂျာမနီသည် ဆက်ဆံရေးကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/247228
708 views11:02
ओपन / कमेंट
2023-04-23 13:57:27 မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ကို ပစ်ချရေးအတွက် ပြင်ဆင်ရန် ဂျပန်က ၎င်း၏စစ်တပ်ကို အမိန့်ပေး

မြောက်ကိုရီးယားက ၎င်း၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုကို လွှတ် တင်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ကို ပစ်ချရန် အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ဂျပန်က ၎င်း၏စစ်တပ်ကို ဧပြီ ၂၁ ရက်တွင် အမိန့်ပေး ခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/247230
747 views10:57
ओपन / कमेंट
2023-04-23 13:36:33 ထူးခြားသည့် နေ့အပူချိန်များမှာ ချောက် မြို့နှင့် ဘောလခဲမြို့တို့တွင် ၄၃ ဒီဂရီစင်တီဂ ရိတ်စီနှင့် မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ရမည်း သင်းမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့နှင့် ဖားဆောင်းမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီ တို့ဖြစ်ကြောင်း၊ .....


■ Read More - - - >>> https://news-eleven.com/article/247224
883 views10:36
ओपन / कमेंट