Get Mystery Box with random crypto!

Eleven Media Group

टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group E
टेलीग्राम चैनल का लोगो elevenmediagroup — Eleven Media Group
चैनल का पता: @elevenmediagroup
श्रेणियाँ: समाचार
भाषा: हिंदी
ग्राहकों: 36.13K
चैनल से विवरण

https://www.facebook.com/pg/ElevenMediaGroup
https://www.instagram.com/elevenmediagroup
https://www.youtube.com/elevenwebtv11

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


नवीनतम संदेश 4

2023-04-27 11:02:02
အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့် ဧပြီ ၃၀ မှ မေ ၃ ရက်အတွင်း တိုင်းနှင့် ပြည်နယ်များတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ထုတ်ပြန်ချက်အရ ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။



■ Read More - - - >>> https://news-eleven.com/article/247400
1.1K views08:02
ओपन / कमेंट
2023-04-27 10:09:50 အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံနှင့် လူနေအိမ် ၅၀ ကျော် ပျက်စီး

လေပြင်းနှင့်အတူမိုးသီးများပါ ကြွေကျခဲ့ခြင်းဖြစ်ပြီး နွေသီနှံ စိုက်ပျိုးမှုတွေပါ ထိခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

■ Read More - - - >>> https://news-eleven.com/article/247394
1.2K views07:09
ओपन / कमेंट
2023-04-27 10:03:12 မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားသုံးဦးက အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးကာ ယာဉ်လုယက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း သေဆုံး


■ Read More - - - >>> https://news-eleven.com/article/247393
1.2K views07:03
ओपन / कमेंट
2023-04-27 09:53:09 ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှစပြီး အလယ်တန်းဆင့်ပြီးမြောက်အောင်မြင်ပါက တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းကို ခရိုင် ၅၀ တွင်ဖွင့်လှစ်နိုင်ရန် ဆောင် ရွက်လျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား

■ Read More - - - >>> https://news-eleven.com/article/247382
1.2K views06:53
ओपन / कमेंट
2023-04-27 09:31:23 မာလာဝီနှင့် ပါကစ္စတန်တို့တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များနှင့်ဆက်နွှယ်ပြီး ငှက်ဖျားရောဂါကူးစက်မှုများ မြင့်တက်

မာလာဝီနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် အလွန်ဆိုးရွားသော ရာသီဥတုအခြေအနေများသည် ငှက်ဖျားရောဂါကူးစက်မှုများနှင့် သေဆုံးမှုများကို အလွန်မြင့်တက်စေသည်ဟု ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကြီးအကဲက ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247366
1.2K views06:31
ओपन / कमेंट
2023-04-27 08:32:18
တပ်မတော်က ၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၀၀ ကျော် တက်ရောက်

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေ ခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်း တို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်း ပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ်ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။



■ Read More - - - >>> https://news-eleven.com/article/247392
1.5K views05:32
ओपन / कमेंट
2023-04-27 08:30:56 ဂျိုးဘိုင်ဒင် (သို့မဟုတ်) အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံကျော်လွှားသူ

■ Written by : ဖြိုးဟိန်းကျော်

ဘိုင်ဒင်ကိုထောက်ခံသူများအဖို့ ၎င်းသည် ထရန့်အစိုးရအလွန်တွင် တိုင်းပြည်အတွက် မုချလိုအပ်သူတစ်ဦး ဖြစ်နေသည်။ သူသည် ပင်ကိုအားဖြင့် နိုင်ငံရေးအမြင်မျှတပြီး အစိုးရဌာနများအတွက် ရပ်တည်ကာကွယ်တတ်သည့် ရှေးဆန်သူတစ်ဦးဖြစ်ကာ အနောက်ကမ္ဘာတွင် အမေရိကန်၏ဦးဆောင် မှုအခန်းကဏ္ဍကိုလည်း စွဲမြဲယုံကြည်သူဖြစ်သည်။

သို့ရာတွင် လွဲမှားချွတ်ချော်မှုများလည်း ရှိနေသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် များ ကူးစက်ပျံ့နှံ့နေစဉ် လူအုပ်စုလိုက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စောစီး စွာထောက်ခံပြောဆိုခဲ့သည့်အတွက် ၎င်းအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ ထို့အပြင် မအောင်မြင်ခဲ့သည့် နှစ် ၂၀ ကြာ အာဖဂန်နစ္စ တန်စစ်ပွဲကို အဆုံးသတ်ရန် ၂၀၂၁ ခုနှစ် သြ ဂုတ်လတွင် အာဖဂန်မှ အမေရိကန်တပ်များ အရှက်တကွဲထွက်ခွာခဲ့ရသည့်အခြေအနေ ကြောင့်လည်း ဘိုင်ဒင်အစိုးရ၏ ဂုဏ်သတင်း ကို ထိခိုက်စေခဲ့သည်။

သို့ရာတွင် ၎င်း၏သမ္မတသက်တမ်း ဒုတိယမြောက်နှစ်တွင် အမေရိကန်ပြည်တွင်း၌ တစ်ဟုန်ထိုး မြင့်တက်နေသော ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြန်လည်ကျဆင်းစပြု လာခဲ့ပြီး စီးပွားရေးတိုးတက်မှုသည်လည်း ခိုင်မာအားကောင်းလာခဲ့ကာ ယူကရိန်းအ ရေးတွင် အမေရိကန်၏ ရဲရင့်ပြတ်သားသော မူဝါဒကြောင့်လည်း နိုင်ငံခြားရေးမူဝါဒအ ပေါ် ချီးကျူးထောက်ခံမှုများ ပြန်လည်ရရှိခဲ့ သည်။

■ Read More - - - >>> https://news-eleven.com/article/247360
1.4K views05:30
ओपन / कमेंट
2023-04-27 07:31:12 ရုရှားသည် ကုလသမဂ္ဂ၏ပဋိညာဉ်ကို ချိုးဖောက်နေဟု ကုလအကြီးအကဲနှင့် အနောက်နိုင်ငံများမှ ကိုယ်စားလှယ်များက ဝေဖန်

ရုရှားသည် ယူကရိန်းကို တိုက်ခိုက်နေပြီး နယ်နိမိတ်များကို သိမ်းပိုက်နေခြင်းအားဖြင့် ကုလမသဂ္ဂ၏ ပဋိညာဉ်ကို ချိုးဖောက်နေသည်ဟု ဧပြီ ၂၄ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေးကို ရုရှား၏ ထိပ်သီးသံတမန်က သဘာပတိအဖြစ် ကြီးမှူးကျင်းပချိန်တွင် ကုလသမဂ္ဂအကြီးအကဲနှင့် အနောက်နိုင်ငံများမှ ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့သည်။

Read More - - - >>> https://news-eleven.com/article/247369
1.6K views04:31
ओपन / कमेंट
2023-04-24 17:31:29
COVID-19 ရောဂါဓာတ်ခွဲနမူနာ ၈၉၉၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၅၁ ဦး တွေ့ရှိ

ဧပြီ ၂၃ ရက် ည ၈ နာရီမှ ၂၄ ရက် ည ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲနမူနာ ၈၉၉၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၅၁ ဦးတွေ့ရှိကြောင်း ဧပြီ ၂၄ ရက်ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read More - - - >>> https://news-eleven.com/article/247288
1.6K views14:31
ओपन / कमेंट
2023-04-24 17:30:25
သမ္မတဂျိုးဘိုင်ဒင်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် တောင်ကိုရီးယားသမ္မတယွန်းဆက်ယို အမေရိကန်သို့သွားရောက်

မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများ မြင့်တက်လာမှုကြောင့် မဟာမိတ် နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လျက်ရှိစဉ် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုသည် အမေရိကန် ပြည်ထောင်စုသို့ ခြောက်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ရန် ဧပြီ ၂၄ ရက်က ၀ါရှင်တန်သို့ ထွက်ခွာသွားခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/247275
1.3K views14:30
ओपन / कमेंट