Get Mystery Box with random crypto!

ဂျိုးဘိုင်ဒင် (သို့မဟုတ်) အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံကျော်လ | Eleven Media Group

ဂျိုးဘိုင်ဒင် (သို့မဟုတ်) အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံကျော်လွှားသူ

■ Written by : ဖြိုးဟိန်းကျော်

ဘိုင်ဒင်ကိုထောက်ခံသူများအဖို့ ၎င်းသည် ထရန့်အစိုးရအလွန်တွင် တိုင်းပြည်အတွက် မုချလိုအပ်သူတစ်ဦး ဖြစ်နေသည်။ သူသည် ပင်ကိုအားဖြင့် နိုင်ငံရေးအမြင်မျှတပြီး အစိုးရဌာနများအတွက် ရပ်တည်ကာကွယ်တတ်သည့် ရှေးဆန်သူတစ်ဦးဖြစ်ကာ အနောက်ကမ္ဘာတွင် အမေရိကန်၏ဦးဆောင် မှုအခန်းကဏ္ဍကိုလည်း စွဲမြဲယုံကြည်သူဖြစ်သည်။

သို့ရာတွင် လွဲမှားချွတ်ချော်မှုများလည်း ရှိနေသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် များ ကူးစက်ပျံ့နှံ့နေစဉ် လူအုပ်စုလိုက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စောစီး စွာထောက်ခံပြောဆိုခဲ့သည့်အတွက် ၎င်းအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ ထို့အပြင် မအောင်မြင်ခဲ့သည့် နှစ် ၂၀ ကြာ အာဖဂန်နစ္စ တန်စစ်ပွဲကို အဆုံးသတ်ရန် ၂၀၂၁ ခုနှစ် သြ ဂုတ်လတွင် အာဖဂန်မှ အမေရိကန်တပ်များ အရှက်တကွဲထွက်ခွာခဲ့ရသည့်အခြေအနေ ကြောင့်လည်း ဘိုင်ဒင်အစိုးရ၏ ဂုဏ်သတင်း ကို ထိခိုက်စေခဲ့သည်။

သို့ရာတွင် ၎င်း၏သမ္မတသက်တမ်း ဒုတိယမြောက်နှစ်တွင် အမေရိကန်ပြည်တွင်း၌ တစ်ဟုန်ထိုး မြင့်တက်နေသော ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြန်လည်ကျဆင်းစပြု လာခဲ့ပြီး စီးပွားရေးတိုးတက်မှုသည်လည်း ခိုင်မာအားကောင်းလာခဲ့ကာ ယူကရိန်းအ ရေးတွင် အမေရိကန်၏ ရဲရင့်ပြတ်သားသော မူဝါဒကြောင့်လည်း နိုင်ငံခြားရေးမူဝါဒအ ပေါ် ချီးကျူးထောက်ခံမှုများ ပြန်လည်ရရှိခဲ့ သည်။

■ Read More - - - >>> https://news-eleven.com/article/247360