Get Mystery Box with random crypto!

တပ်မတော်က ၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ရေကြောင်းနှင့် လေက | Eleven Media Group

တပ်မတော်က ၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၀၀ ကျော် တက်ရောက်

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေ ခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်း တို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်း ပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ်ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။



■ Read More - - - >>> https://news-eleven.com/article/247392