Get Mystery Box with random crypto!

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး တွင် ယမန်နေ့ ညပိုင်းက လက်နက်ကြ | Eleven Media Group

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး တွင် ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျည်သုံးလုံး ထပ်မံကျ‌ရောက်ပေါက်ကွဲပြီး ဒေသခံရွာသားတစ်ဦး ဒဏ်ရာရရှိ

ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး ဇွန် လ ၉ ရက် ညပိုင်းက လက်နက်ကြီးကျည် သုံး လုံး ထပ်မံကျ‌ရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောကြားချက်များ အရ သိရ သည်။

ယမန်နေ့ (ဇွန် ၉ ရက်) ည ၉ နာရီခွဲ ဝန်း ကျင် အချိန်ခန့်တွင် လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်နက်ကြီး ကျည် တစ်လုံးက ရပ်ကွက် (၅) လောလုံးကွင်း အနီးမှာ နေတဲ့ ဦးစိုးနိုင် ဖွင့်လှစ်ထားတဲ့ ဆိုင် ကယ်ပြင်ရုံအနီးမှာ ကျပြီးပေါက်ကွဲတော့ ဦးစိုးနိုင် ရဲ့ သားဖြစ်သူ ကိုဂေါင်ကြီးက လက် နက် ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာက စိုးရိမ်စရာတော့ မရှိဘူးလို့ သိရ တယ်” ဟု ပြောကြားသည်။