Get Mystery Box with random crypto!

မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ River Side Restaurant တွင် ဆိ | Eleven Media Group

မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ River Side Restaurant တွင် ဆိုင်ဝန်ထမ်း အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံး

မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ River Side Restaurant တွင် ဧပြီ ၂၀ ရက် နံနက် ၁ နာရီ (၅၀) မိနစ်ခန့်က ဆိုင်ဝန်ထမ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဓါးဖြင့်အခုတ်ခံရသည့် ဆိုင်ဝန်ထမ်း အမျိုးသား၏ ယာဘက်လည်ပင်းတွင် လေးလက်မခန့် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ ဆိုင်ဝန်ထမ်းအမျိုးသားအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။