Get Mystery Box with random crypto!

ပြန်ချိန်နီးသော နှလုံးသား၏ သံဝေဂဂီတကို ခံစားခြင်း ■ Written | Eleven Media Group

ပြန်ချိန်နီးသော နှလုံးသား၏ သံဝေဂဂီတကို ခံစားခြင်း


■ Written by : ကြယ်စင်ဖေသင်

လွန်ခဲ့သောနှစ် ၃၀ ခန့်က မင်းသား ကျော်ဟိန်း ပေါက်ခဲ့ဖူးသည် သီချင်းခွေ အမည်ကို သတိရသည်။ “အဓိပ္ပာယ်ရှိသော လူ”တဲ့။ ထိုအခွေထဲက သီချင်းတစ်ပုဒ်ထဲ တွင်ပါသော စာသားကလည်း လူတစ် ယောက်ချင်းစီကို မေးခွန်းထုတ်နေသကဲ့ သို့ပင်။ “လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်… သင်ဟာသမိုင်းကြောင်း ကောင်းဖို့ တစ်ခုခုလုပ်ခဲ့သလား”တဲ့။

မေးခွန်းများက တစ်ခွန်းပြီး နောက်တစ် ခွန်းထပ်၍ထပ်၍ပေါ်လာသည်။ အဓိပ္ပာယ် ရှိသောလူအဖြစ် နေထိုင်ခြင်းနှင့် သမိုင်း ကြောင်းကောင်းဖို့ လုပ်ခြင်းတို့ ဆက်စပ်မှု ရှိနေပါသလား။ “အဓိပ္ပာယ်ရှိသော လူ” ဆို တာရော ဘယ်လိုလူလဲ။ အဓိပ္ပာယ်ရှိသော လူဆိုတာ “တန်ဖိုးရှိတဲ့လူပေါ့”ဟု မိတ်ဆွေ တစ်ယောက် ပြောဖူးခဲ့သည့်စကား မှတ်မိ နေသေးသည်။ ကာယကံရှင်အတွက်ရော နေထိုင်ရာ လူအဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေသောလူသည် တန်ဖိုးရှိသောလူဟုဆိုလျှင် ထိုသူသည် “အဓိပ္ပာယ်ရှိသောလူ” မဟုတ်ပါလား။


■ Read More - - - >>> https://news-eleven.com/article/247164