Get Mystery Box with random crypto!

Spring University Myanmar

टेलीग्राम चैनल का लोगो springunimm — Spring University Myanmar S
टेलीग्राम चैनल का लोगो springunimm — Spring University Myanmar
चैनल का पता: @springunimm
श्रेणियाँ: शिक्षा
भाषा: हिंदी
ग्राहकों: 6.10K

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

2

2 stars

1

1 stars

0


नवीनतम संदेश 9

2022-12-10 11:39:53 အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်မှ နိုဝင်ဘာလ 26 ရက်နေ့မှ ဒီဇင်ဘာလ 10 ရက်နေ့အထိ နှစ်ပတ်တာ ပညာရေးသတင်းများနှင့် လက်ရှိနိုင်ငံတကာ ဆိုင်ရာ သတင်းများကို summary ပြန်ရေးပေးထားပါတယ်။ မိမိသူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို တိုက်တွန်းလိုက်ရပါတယ်။

ယခုအပတ်မှာတော့ ၇၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုသည့်အနေနှင့် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတန်း၏ ဖြစ်ပေါ်လာပုံသမိုင်းကို ကျောင်းသားကျောင်းသူတို ဆင်ခြင်သုံးသပ်နိုင်ရန် ထည့်သွင်းပေးထားပါတယ်။

အကြံပေးလိုသည်များ ရှိပါက comms.office@springuniversitymm.com သို ဆက်သွယ်နိုင်ပါတယ်။
3.4K views08:39
ओपन / कमेंट
2022-12-09 16:11:30
နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတစ်ခုဖြစ်သည့် IHRDGမှ ဒီပလိုမာတန်းအတွက် လျှောက်လွှာများကို လက်ခံနေပြီဖြစ်ပါတယ်။

ဒီပလိုမာတန်းများနှင့် ပတ်သတ်ပြီး လျှောက်ထားပုံများ အပြင် အခြားသောအကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် IHRDG မှ ထပ်မံကျင်းပပေးမယ့် Open House Event ကို ပါဝင်တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ကိုးလတာ ကြာမြင့်မည့် ဒီပလိုမာတန်း လေးခုကို ၂၀၂၃ မတ်လ တွင် စတင်၍ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ ဒီပလိုမာတန်းများမှာ -

Governance & Public Administration
Community Development
Peace Studies & Federalism
Human Rights

Open House ကျင်းပပြုလုပ်နေစဉ် အတွင်း IHRDG Academic Team မှ သက်ဆိုင်ရာတာဝန်ရှိသူများအား မိမိသိလိုသည်များကို တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ ယခုပွဲပွဲ ကိုတော့ မြန်မာစံတော်ချိန် ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၆) နာရီ အချိန်တွင် ကျင်းပသွားမှာ ဖြစ်ပြီး zoom platform မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနှင့် ယခုဖော်ပြပါ လင်ခ့်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

စာရင်းပေးသွင်းရန် -shorturl.at/cehsW
3.3K views13:11
ओपन / कमेंट
2022-12-02 18:36:18 နွေဦးတက္ကသိုလ်မှ စီးပွားရေး၊ စီမံခန့်ခွဲမှုပညာရပ်များ စာရင်းပေးသွင်းနိုင်မယ့်ရက် ထပ်မံ တိုးမြှင့်လိုက်ပါပြီ။

အနာဂတ်သက်မွေးဝမ်းကြောင်းပညာရပ်များစွာထဲမှ စီးပွား‌ရေး၊ စီမံခန့်ခွဲမှုပညာရပ်များဟာ အခြေခံကျသလို ဒီလို
စီးပွားရေးအခြေခံများကို သိရှိနားလည်ထားတဲ့အခါ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါဖြစ်စေ၊ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သည့်အခါဖြစ်စေ ကျောင်းသားလူငယ်များအတွက် များစွာအကျိုးရှိပါတယ်။

ဒါကြောင့်မို့ နွေဦးတက္ကသိုလ် ရဲ့ School of Economics and Management ကျောင်းခွဲမှ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ အခြားဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သော ပညာရပ်များသာမက စီမံခန့်ခွဲမှုပညာရပ်များ၊ နိုင်ငံရေး၊ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများကိုပါ စိတ်ပါဝင်စားတဲ့ ကျောင်းသားလူငယ်များအတွက်
ဖော်ပြပါ တန်းခွဲများကို ဖွင့်လှစ်ထားရှိပါတယ်။

ယခုဆိုရင်တော့ အထက်ပါတန်းခွဲများအတွက် နောက်ဆုံးထားစာရင်းပေးသွင်းနိုင်မယ့်ရက်များကို

Certificate Course in Public Policy Process: Theory, Concepts, and Models တန်းခွဲကို
ဒီဇင်ဘာလ (၇) အထိ နှင့်

Certificate Course in Market and Public Policy Analysis တန်းခွဲကို ဒီဇင်ဘာလ (၂) အထိ နှင့်

Certificate Course in Marekting Management (Batch-3) တန်းခွဲကို မှ ဒီဇင်ဘာလ (၉) အထိ နှင့်

Certificate Course in Economics of Education တန်းခွဲကို ဒီဇင်ဘာလ (၉) အထိ အသီးသီးတိုးမြှင့်လိုက်ပါပြီ။

ကျောင်းသားလူငယ်များအနေဖြင့်လည်း မိမိနှစ်သက်ရာတန်းခွဲများကို ရွေးချယ်တက်‌‌ရောက်နိုင်ရုံသာမက စီးပွားရေး၊ စီမံခန့်ခွဲမှုပညာရပ်များသာမက Public Policy နှင့်ဆိုင်သော ပညာရပ်များကို တက်ရောက်သင်ကြားဖို့ ဝါသနာတူ သူငယ်ချင်းများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးပါဦးနော်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်‌ရောက် ကြည့်ရှုနိုင်ပါတယ်။

Link : https://m.facebook.com/story.php?story_fbid=pfbid033RHNkBvqC9gWFZGZ56UvnYiLsZ3yhEv3ihesXsNbdFUQA8ome6CzqRH9gWw4vftFl&id=100068345813298&mibextid=1DJ7Ir

#SpringUniversityMM
#SUM
4.3K views15:36
ओपन / कमेंट
2022-12-02 18:36:15
3.3K views15:36
ओपन / कमेंट
2022-11-30 17:30:10 ဒီဇင်ဘာ(၅)ရက်နေ့မှာ ပြုလုပ်သွားမယ့် Karl Popper Debate ပြိုင်ပွဲကြီးအကြောင်း သိပြီးပြီလား။

အားလုံးပဲမင်္ဂလာပါ။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှ ယခင်က “စကားရည်လုခြင်း” (Karl Popper Debate Format) အတတ်ပညာဆိုင်ရာ သင်တန်းများ၊လေ့ကျင့်ရေးစခန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

တဖန် ယခုအခါမှာတော့ ကျောင်းသား၊ကျောင်းသူများ အနေနဲ့ အဆိုပါ သင်တန်းများ၊လေ့ကျင့်ရေးစခန်းများမှ ရရှိခဲ့တဲ့ အ​တွေ့အကြုံ၊ပညာရပ်များကို ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ဖို့ လာမယ့် ဒီဇင်ဘာ(၅)ရက်နေ့မှာ ပညာဒါန (Karl Popper Debate) ဒီဘိတ် ပြိုင်ပွဲအစီအစဉ်တစ်ခုကို ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် အဆိုပါ ဒီဘိတ်ပြိုင်ပွဲလေးမှာ အချိန်ပေးပြီး ပါဝင်လိုက်ခြင်းဖြင့်

ယခင်

မိမိတို့တတ်မြောက်ထားတဲ့ (Karl Popper Debate Format) စကားရည်လုခြင်းပညာဆိုင်ရာ အခြေခံသဘောတရားတွေကို လက်တွေ့အသုံးချနိုင်မယ်။

ရှုပ်ထွေးလှတဲ့ စိတ်ဝင်စားဖွယ် အရေးကိစ္စတွေကို “စကားရည်လုခြင်း” ဆိုတဲ့ ပညာရပ်ဆိုင်ရာ ဆန်းစစ်အဖြေရှာခြင်းလုပ်ငန်းစဉ်တစ်ခုနဲ့ ချဉ်းကပ်အဖြေရှာနိုင်မယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အလေးပေးဖော်ဆောင် မြှင့်တင်ထားတဲ့ ပတ်ဝန်းကျင်လေးမှာ ယုံကြည်ချက်ရှိရှိ မိမိအတွေအမြင်တွေကို ဖလှယ်သွားနိုင်မှာပဲဖြစ်ပါတယ်။

ကဲ…ဒါ့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ ပြိုင်ပွဲမှာရလာမယ့် ပညာရပ်ဆိုင်ရာ အသီးအပွင့်တွေကို ခံစားရယူလိုတယ်ဆိုရင်တော့ ခုချင်းပဲ “စကားရည်လုပြိင်ပွဲကြီး” မှာ ပါဝင်စာရင်းပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

“စကားရည်လုပြိုင်ပွဲ” နဲ့ပတ်သတ်ပြီးစိတ်ဝင်စားလို့ အကြောင်းအရာ အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link- https://m.facebook.com/story.php?story_fbid=pfbid0zEcFazeoEKfULMJhuAynefC8pGyECKHzrXityR26ZCMHKgyn7TMaqRxjCRxM3TUYl&id=100068345813298&mibextid=1DJ7Ir
3.8K views14:30
ओपन / कमेंट
2022-11-30 17:30:07
2.7K views14:30
ओपन / कमेंट
2022-11-26 13:31:48 အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်မှ နိုဝင်ဘာ 12 ရက်နေ့မှ 25ရက်နေ့အထိ နှစ်ပတ်တာ ပညာရေးသတင်းများနှင့် လက်ရှိနိုင်ငံတကာ ဆိုင်ရာ သတင်းများကို summary ပြန်ရေးပေးထားပါတယ်။ မိမိသူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို တိုက်တွန်းလိုက်ရပါတယ်။

ယခုအပတ်မှာတော့ ဂျာမဏီနိုင်ငံ၏ ဒုတိယ ကမ္ဘာစစ်အပြီးကာလ Transitional Justices နှင့် သက်ဆိုင်သော Denazification ဆောင်ပါး ၏အား ဆင်ခြင်သုံးသပ်နိုင်ရန် ထည့်သွင်းရေးသားထားပါသည်။

အကြံပေးလိုသည်များ ရှိပါက comms.office@springuniversitymm.com သို ဆက်သွယ်နိုင်ပါတယ်။
4.2K views10:31
ओपन / कमेंट
2022-11-24 19:04:38 ဧရာဝတီဥပဒေပညာသင်ကျောင်းမှ ကြားကာလ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပညာရေး သပိတ်ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ ကြားကာလ ပညာရေးအစီအစဉ်များအကြောင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့ မနက် (၁၀) နာရီမှ နေ့လယ် (၁) နာရီအထိ ဆွေးနွေးပွဲပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
နွေဦးတက္ကသိုလ်မှလည်း အဆိုပါ ဆွေးနွေးပွဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

စိတ်ပါဝင်စားတက်ရောက်လိုသူများအနေနှင့် ယခုဖော်ပြပါလင်ခ့်မှ တစ်ဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။
Event Registration- https://forms.gle/yzbtrTqFomcbXSsq7

ဆွေးနွေးပွဲအကြောင်း အသေးစိတ် - https://cutt.ly/I1rydAb

#SpringUniversityMM
3.9K viewsedited  16:04
ओपन / कमेंट