Get Mystery Box with random crypto!

Spring University Myanmar

टेलीग्राम चैनल का लोगो springunimm — Spring University Myanmar S
टेलीग्राम चैनल का लोगो springunimm — Spring University Myanmar
चैनल का पता: @springunimm
श्रेणियाँ: शिक्षा
भाषा: हिंदी
ग्राहकों: 6.10K

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

2

2 stars

1

1 stars

0


नवीनतम संदेश 6

2023-02-14 19:03:33
သင်ဟာ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သဘောတရားပညာရပ်များကို စိတ်ဝင်စားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ စိတ်အားထက်သန်သူတစ််ဦးလား။  

ဒါဆိုရင်တော့ နွေဦးတက္ကသိုလ်မှ လာမယ့် ကြာသပတေးနေ့မှာ ပြုလုပ်သွားမယ့် “ပဋိပက္ခမှည့်ချိန် သဘောတရားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း” Webinar လေးဟာ ကျောင်းသား၊ကျောင်းသူများအတွက် နေရာမှန်၊အချိန်မှန်ပဲဖြစ်ပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid024abhE4nvwFBJPJZzVzTWYCydCnkBoUd256rqQhH5kjD2ErFZ9G4S8rCVhi7xb9oTl&id=100068345813298
3.2K views16:03
ओपन / कमेंट
2023-02-11 09:16:43
https://www.facebook.com/100068345813298/posts/pfbid02NdNo6w1RqiEK4hbfGBK63qVXvQyUcHKu5dk8QK6zMnY8YotMMiBPitsxiAjj51TWl/?mibextid=tejx2t
602 views06:16
ओपन / कमेंट
2023-02-08 16:33:12 ကိုယ်တိုင် လမ်းညွှန်သင်ယူခြင်းဆိုင်ရာ လေ့လာထားစရာ နည်းလမ်းများ ဆွေးနွေးပွဲ။

အားလုံးပဲ မင်္ဂလာပါ။ ဇန်နဝါရီလ (၁၉) ရက်နေ့မှစလို့ Spring Normal University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ပညာရပ်တစ်ခုကို ကိုယ်ပိုင်စီမံလေ့လာတတ်စေဖို့ရည်ရွယ်ပြီး “ကိုယ်တိုင် လမ်းညွှန်သင်ယူခြင်း’ ဆိုတဲ့ ဆွေးနွေးပွဲလေးကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ယနေ့မှာ‌တော့ အထက်ပါ ဆွေးနွေးပွဲလေးရဲ့ နောက်ဆုံးအပိုင်းအနေဖြင့် ကျောင်းသားလူငယ်များ မိမိသင်ယူ
လေ့လာလိုတဲ့ ပညာရပ်များကို အချိန်ကောင်းမွန်စွာစီမံခန့်ခွဲရင်း သင်ယူတတ်စေဖို့ “ ကိုယ်တိုင် လမ်းညွှန်သင်ယူ
ခြင်းဆိုင်ရာ လေ့လာစရာ နည်းလမ်းများ” ဆိုတဲ့ နောက်ဆုံး ဆွေးနွေးပွဲလေးနဲ့ ထပ်မံမိတ်ဆက်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲလေးမှတဆင့် “ကိုယ်တိုင် လမ်းညွှန်သင်ယူခြင်း” ဆိုင်ရာအခြေခံ ပညာရပ်ကို လက်တွေ့အသုံးချတဲ့ အခါမှာ လိုအပ်မယ့် နည်းလမ်းတွေ၊ မိမိကိုယ်ကို အကဲဖြတ်ပုံတွေ၊ အလေ့အထတွေကို မျှဝေဆွေး‌နွေးသွားမှာမို့ ကျောင်းသူ၊ကျောင်းသားများအတွက် အကျိုးရှိမယ်လို့ မျှောင့်လင့်ပါတယ်ခင်ဗျာ။

အဆိုပါ ဆွေးနွေးပွဲလေးမှတဆင့် ကျောင်းသားလူငယ်များအနေဖြင့် -

“ကိုယ်တိုင် လမ်းညွှန်သင်ယူခြင်း’” ဆိုင်ရာ အခြေခံပညာရပ်များကို လေ့လာသိရှိနိုင်မယ်။

ဒီလို လမ်းညွှန်ချက်များကို လိုက်နာတဲ့အခါမှာ လက်တွေ့ကျင့်သုံးသင့်တဲ့ အလေ့အထများကို သိရှိလာမယ်။

ဒီလို လမ်းညွှန်ချက်တွေအပြင် ကိုယ်ပိုင်စီမံလေ့လာဖို့ ဘယ်လိုနည်းစနစ်တွေလိုအပ်မလဲ စသဖြင့် ဗဟုသုတရစရာအကြောင်းအရာများကို မျှဝေဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၉) ရက်နေ့စတင်သွားမှာဖြစ်ပြီး ညနေ (၆) နာရီမှ (၈) နာရီအထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

အထက်ပါ ဆွေးနွေးပွဲလေးမှာ ပါဝင်လိုတဲ့ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဖော်ပြပါ Link လေးမှတဆင့် စာရင်းသွင်းလျှောက်ထားနိုင်ပါတယ်ခင်‌ဗျာ။
Link : https://forms.gle/G9JG9aLggjpb4CET7 

ဆွေးနွေးပွဲတက်ရောက်ရမည့် zoom link ကိုတော့ အီးမေးလ်းပေးပို့ သွားမှာပဲ ဖြစ်ပါတယ်။

သင်ယူလေ့လာခြင်းနဲ့အတူ တီထွင်ဖန်တီးမှုကို အလေးပေးတဲ့ ဆွေးနွေးပွဲလေးဖြစ်တာမို့ ဝါသနာတူ သူငယ်ချင်းများကို လက်ဆင့်ကမ်းမျှဝေပေးပါဦးနော်။

#SpringUniversityMM
#SUM
572 views13:33
ओपन / कमेंट
2023-02-08 16:33:03
541 views13:33
ओपन / कमेंट
2023-02-08 14:37:52
“ပြည်သူ့ကျန်းမာရေးကဏ္ဍ စီမံခန့်ခွဲခြင်းနည်းစနစ်များ”

ပြည်သူလူထုရဲ့ ကျန်းမာရေးကို အာမခံစောင့်ရှောက်ခြင်းသည် လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး ကမ္ဘာ့နိုင်ငံအများစုရှိ အုပ်ချုပ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍအတွင်းမှာလည်း အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် IHRDG မှ ပြုလုပ်သွားမယ့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း ပကတိအနေအထားရှိ ကျန်းမာရေးပြဿနာများအကြောင်းကို လေ့လာ အသုံးပြု၍ တက်ရောက်ပါဝင်သူများအား ကျန်းမာရေးကဏ္ဍ နှင့် သက်ဆိုင်သော အုပ်ချုပ်မှု၊ ဘဏ္ဍာငွေ၊ ပံ့ပိုးမှုနှင့် စွမ်းဆောင်ရည် အကဲဖြတ်မှုပုံစံများအပါအဝင် ထိရောက်ပြီး သာတူညီမျှသော ကျန်းမာရေးစနစ်များ၏ အဓိကကျသော အစိတ်အပိုင်းများကို နားလည်အသုံးချနိုင်စေဖို့ အလေးပေး ပို့ချသွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၈)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမှာဖြစ်ပြီး မိမိတို့၏ CV ကို ပြင်ဆင်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်လွှာပုံစံအကျဉ်းကိုတော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်- https://forms.gle/JYJzW6B6N6xGoNYX7
#SpringUniversityMM
640 views11:37
ओपन / कमेंट
2023-02-05 19:10:02
တော်လှန်‌ရေးအစချီ အားလုံးမျှော်မှန်းသော အနာဂတ်မြန်မာနိုင်ငံတော်ဆီသို့ နွေဦးဂျာနယ်ဒုတိယစာစဉ်။

https://m.facebook.com/story.php?story_fbid=pfbid02xAx6rLrWBsngvc6qCW3X56K4gEXWMyVdogSXU3c4oQ9vCoBeeryVPyBQa7UNuRU2l&id=100068345813298&mibextid=unz460
327 views16:10
ओपन / कमेंट
2023-02-04 18:46:11
ဒီဂျစ်တယ်ခေတ်မှာ စီးပွားရေးပညာရပ်များကို မျက်ခြေမပြတ်လေ့လာနိုင်ဖို့ တန်းခွဲများ ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

https://m.facebook.com/story.php?story_fbid=pfbid0eBn1mgXRqJVVtnhrqfi5ikdcDWznXgFVUYkRu85WgioGeXmzNzJDM3FnkRDhQJ9ol&id=100068345813298&mibextid=unz460
1.1K views15:46
ओपन / कमेंट
2023-02-03 16:32:22
IHRDG ၏ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတော့မည့် အလုပ်ရုံဆွေးနွေးပွဲများ

https://m.facebook.com/story.php?story_fbid=pfbid033wtycDhyyodx6ZETLZTL7Gu4Apo75egTmqZdvCJ7h3LZpUb9ViS6QXanguAkzTYHl&id=100068345813298&mibextid=qC1gEa
479 views13:32
ओपन / कमेंट
2023-02-03 15:59:05
Only a few seats left for “Foreign Languages courses”

ဖေဖော်ဝါရီလအတွင်း နွေဦးတက္ကသိုလ်ရဲ့ School of Foreign Language မှ ဖွင့်လှစ်မယ့် နိုင်ငံခြား ဘာသာစကား အတန်းများမှာ စိတ်ဝင်စားသူ များပြားတဲ့အတွက် ကျောင်းသားဦးရေ အနည်းငယ်သာ ထပ်မံလက်ခံနိုင်တော့မှာဖြစ်ကြောင်း အသိပေးလိုပါတယ်ခင်ဗျာ။

“Thai Basic Class” ကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အထိ စာရင်းပေးအပ်နှံနိုင်ပြီး
French A 1.2 Class နှင့် Korean Level 2 အတန်းများကိုတော့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ အသီးသီး စာရင်းပေး အပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။

အတန်းချိန်၊ နေ့ရက်နှင့် တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ပါ Link မှတစ်ဆင့် အသေးစိတ်ကြည့်ရှုပြီး အမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Link- https://www.facebook.com/100068345813298/posts/pfbid0Q58uQ1kd6d48Z5Dfumq49PYXyuZHe9ix59xjWBFzqubxzq1VChiFQcPnK4C8vpPel/


#SpringUniversityMM
#SUM
800 views12:59
ओपन / कमेंट
2023-02-02 16:29:59
တိုင်းရင်းသားဘာသာစကားတန်းခွဲများ စာရင်းသွင်းတက်ရောက်နိုင်ခွင့် (၁) ပတ်ခန့် ထပ်မံတိုးမြှင့်လိုက်ပါပြီ။

ကျောင်းသားလူငယ်များအနေဖြင့် စုံလင်ကွဲပြားတဲ့ တန်းခွဲများကို စာရင်းသွင်းတက်ရောက်ရာမှာ
ကျန်ရှိသွားတာမျိုးမဖြစ်ရလေအောင် ယခင်အပတ်မှာ ဖွင့်လှစ်ထားရှိတဲ့ အောက်ပါတန်းခွဲများကို -

ကချင်ဘာသာစကား အခြေခံသင်တန်း ဖေဖော်ဝါရီလ (၈) ရက်သို့လည်းကောင်း၊

ရခိုင်ဘာသာစကားအခြေခံသင်တန်း ဖေဖော်ဝါရီလ (၁၁) ရက်သို့လည်းကောင်း၊

အနောက်ပိုးကရင်ဘာသာစကားအခြေခံသင်တန်း ဖေဖော်ဝါရီလ (၁၁) ရက်သို့လည်းကောင်း၊

စကောကရင်ဘာသာစကားအခြေခံသင်တန်း ဖေဖော်ဝါရီလ (၁၄) ရက်သို့လည်းကောင်း၊

မွန်ဘာသာစကားအခြေခံသင်တန်း ဖေဖော်ဝါရီလ (၉) ရက်သို့လည်းကောင်း၊

ရှမ်းဘာသာစကားအခြေခံသင်တန်း ဖေဖော်ဝါရီလ (၉) ရက်သို့လည်းကောင်း စသဖြင့် စာရင်းသွင်း
တက်ရောက်နိုင်မည့်ရက်များကို အသီးသီး တိုးမြှင့်လိုက်ပါပြီ။

Link : https://m.facebook.com/story.php?story_fbid=pfbid0m3r3nhceDvMTzqp9cUi6Qv7oheTExwCBAU2mS5jQzEiFGCjEYEGyxKCi2rUPWVYrl&id=100068345813298

#SpringUniversityMM
#SUM
3.9K views13:29
ओपन / कमेंट