Get Mystery Box with random crypto!

Spring University Myanmar

टेलीग्राम चैनल का लोगो springunimm — Spring University Myanmar S
टेलीग्राम चैनल का लोगो springunimm — Spring University Myanmar
चैनल का पता: @springunimm
श्रेणियाँ: शिक्षा
भाषा: हिंदी
ग्राहकों: 6.10K

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

2

2 stars

1

1 stars

0


नवीनतम संदेश 5

2023-03-03 19:24:40
Programming စတင်လေ့လာမယ့် လူငယ်များအတွက် သတင်းကောင်းတစ်ခု ယူ‌ဆောင်လာပါပြီ။

https://m.facebook.com/story.php?story_fbid=pfbid0275RNQJW4dL3Gg7QG3ZrsaCTKraUhpJXYLNgtjeseYtoQfxfCYAi5gih8GyfjroR3l&id=100068345813298&mibextid=unz460
1.2K views16:24
ओपन / कमेंट
2023-02-26 18:42:55
နိုင်ငံရေးဗဟုသတများ ရင့်သန်ဖွံ့ဖြိုးတိုးတက်လာဖို့ အချိန်မရွေး၊နေရာမ‌ရွေးသင်ယူနိုင်မယ့် ပညာဒါနတန်းခွဲများ စတင်မိတ်ဆက်လိုက်ပါပြီ။

https://m.facebook.com/story.php?story_fbid=pfbid02CYZhT7ZDNfLvBHGMqMUXHSdGxV1QU7dHadgYWwcrVdPKJPdubhkqZGAS9axTaUrWl&id=100068345813298&mibextid=unz460
1.0K views15:42
ओपन / कमेंट
2023-02-22 19:13:01 နွေဦးတက္ကသိုလ်ရဲ့ “School of Economics” မှ ဖွင့်လှစ်မယ့် တန်းခွဲတစ်ခုချင်းစီတိုင်းမှာ ဘယ်လိုပညာရပ်တွေကို လေ့လာသွားရမှာလဲ?
ပညာရပ်ဗဟုသုတများကို လေ့လာလိုသူ မည်သူမဆို တက်ရောက်နိုင်မယ့် ထိုတန်းခွဲများကတော့-
(၁) Digital Economics
(၂) Economics of Education
(၃)Public Administration and Empirical Linksတို့ပဲ ဖြစ်ပါတယ်။

“Digital Economics” တန်းခွဲမှာတော့ နည်းပညာရဲ့ အားသာချက်တွေကို စျေးကွက်ချဲ့ထွင်ရာမှာ လက်တွေ့အသုံးချနိုင်မယ့် “Digital Economy” နှင့် သက်ဆိုင်သော နည်းဗျူဟာတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျယ်ပြန့်လာတဲ့ ဒီဂျစ်တယ်စျေးကွက် အပေါ်မူတည်ပြီး အခြေခံ သိရှိထားသင့်တဲ့ အချက်တွေ၊ ဗျူဟာတွေ၊ တီထွင်မှုတွေ၊ ကျင့်သုံးပုံတွေကို လေ့လာရမှာဖြစ်လို့ ၂၁ရာစုမှာ ခေတ်ရေစီးကြောင်းအတိုင်း စီးပွားရေးနယ်ပယ်ထဲ ဝင်ရောက်လိုသူတွေ တက်ရောက်သင့်ပါတယ်။

ယခုတန်းခွဲကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ယနေ့ (၂၁) ရက်နေ့အထိသာ ကျောင်းသား လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေ။
Registration Link: https://ee.humanitarianresponse.info/single/aNIbLHpO?returnUrl=https://t.me/+N1ErJiJR8npjMTNl

Economics of Education တန်းခွဲမှာတော့ ပညာရေးကဏ္ဍအပေါ် အလေးပေး အကောင်အထည်ဖော်မှုပေါ်မူတည်ပြီး ဖွံဖြိုးပြီးနိုင်ငံများနှင့် ဖွံဖြိုးဆဲနိုင်ငံများအကြား စီးပွားရေးဖွံဖြိုးတိုးတက်မှု မည်သို့ကွာခြားသွားပုံကို လေ့လာရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ
ပညာရေးကဏ္ဍကို တည်ဆောက်ရာတွင် ပညာရေးရင်းနှီးမြှုပ်နှံမှု၊ ပညာရေးဆိုင်ရာကုန်ကျစရိတ်တို့ အပြင် တိုင်းပြည်စီးပွားရေးဖွံဖြိုးတိုးတက်မှုတွင် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍသည် မည်ကဲ့သိုအရေးပါကြောင်း စသည်တိုကို အဓိကထားသင်ကြားပေးသွားမှာပါ။

ယခုတန်းခွဲကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ယနေ့ (၂၁) ရက်နေ့အထိသာ ကျောင်းသား လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေ။
Registration Link: https://ee.humanitarianresponse.info/single/V05sO1aH?returnUrl=https://t.me/+N1ErJiJR8npjMTNl

“Public Administration and Empirical Links” တန်းခွဲမှာတော့ နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေးနှင့် လည်ပတ်တဲ့ ယန္တရားများကို လေ့လာနိုင်တဲ့ ပြည်သူ့‌ရေးရာ စီမံအုပ်ချုပ်မှု စနစ်များ၏ ပြောင်းလဲလာပုံ၊ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေ ၊ အုပ်ချုပ်မှုနှင့်ဥပဒေပြုရေး ကဏ္ဍတို့ရဲ့ ချိတ်ဆက်အလုပ်လုပ်ပုံတွေကို လေ့လာရမှာပါ။ ဒါ့အပြင် နိုင်ငံရေးယှဉ်ပြိုင်မှုတွေကို Modelများဖြင့် လေ့လာခြင်း ၊ Institutional Arrangements တွေရဲ့ အကျိုးဆက်များနှင့် Political Cultureများ၏ သီအိုရီနှင့်လက်တွေ့လေ့လာမှုများ၏ နည်းစနစ်ကျ ဆွေးနွေးချက်များကို ချိတ်ဆက်ပုံအားပုံမှန်လေ့လာနေကြ Qualitative Method ဖြင့်မဟုတ်ဘဲ အချက်အလက်များကို အခြေခံသော Empirical နည်းလမ်းများဖြင့် ဝေဖန်ပိုင်းခြားသုံးသပ်ခြင်းများဖြင့် အလေးပေး လေ့လာကြရမှာဖြစ်ပါတယ်။

ယခုတန်းခွဲကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ယနေ့ (၂၈) ရက်နေ့အထိသာ ကျောင်းသား လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေ။
Registration Link: https://ee.humanitarianresponse.info/single/7g5FUg4S?returnUrl=https://t.me/+N1ErJiJR8npjMTNl

ဖွင့်လှစ်မယ့် တန်းခွဲတစ်ခုချင်းစီတိုင်းဟာ ဒီဂျစ်တယ်ခေတ်မှာ စီးပွားရေးကို မျက်ခြေမပြတ်လေ့လာလိုသူတွေ တက်ရောက်သင့်ရဲ့ ပညာရပ်တွေဖြစ်လို့ ဒီအခွင့်အရေးကို လက်မလွတ်တမ်း ရယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

#SpringUniversityMM
4.0K views16:13
ओपन / कमेंट
2023-02-22 19:12:53
3.5K viewsedited  16:12
ओपन / कमेंट
2023-02-22 17:10:24
စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေးအခြေအနေများ။

https://m.facebook.com/story.php?story_fbid=pfbid02ToGpNkTxu2Vx2Ebvif8W2hRpUU21XW5ZJqfZr9QVCRYvH84ZhnggNnaMvi7yBH3Dl&id=100076179033470
4.1K views14:10
ओपन / कमेंट
2023-02-21 17:53:36
ငြင်းခုံဖလှယ်ခြင်း အနှစ်သာရကို အခြေပြုကာ အဖြေမှန်တစ်ခုကို ဆန်းစစ်နိုင်ဖို့ ပညာဒါန Debate Club စတင်ဖွင့်လှစ်ပြီ။

https://m.facebook.com/story.php?story_fbid=pfbid0NC3cyxV5xyREv5ciPPC5VQXK3hiDc2JXJPrvMtU48VSjzDEZ5H9FczNA4JYafbArl&id=100076179033470&mibextid=qC1gEa
3.6K views14:53
ओपन / कमेंट
2023-02-20 05:19:08 Time, Emerging Technologies, and the Law of the Sea

ဤသင်တန်းသည် ပင်လယ်ပြင်ဥပဒေ နှင့် နိုင်ငံတကာဥပဒေတို့၏ အခြေခံသဘောတရားများမှ အစပြု၍ အသစ် ပေါ်ထွက်လာသောနည်းပညာများ၏ ပင်လယ်ရေကြောင်းပိုင်နက်အတွင်း အလေ့အကျင့်များကို မည်ကဲ့သို့ အထောက်အကူပြုနေပုံများအပါအဝင်
သီအိုရီနှင့်လက်တွေ့များပေါင််းစပ်ကာ တရားရေးဆိုင်ရာ လိုအပ်ချက်များကိုဖြေရှင်းနိုင်ရန် ခွဲခြမ်းစိတ်ဖြာလေ့လာသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားများအနေဖြင့် Virtual Reality Simulations၊ Underwater Unmanned Vehicles (UUVs)၊ Small Modular Nuclear Reactors နှင့် Enmeshed Networks အပါအဝင် နောက်ဆုံးပေါ် ပေါ်ထွက်နေသော နည်းပညာအချို့ကို ပင်လယ်ပြင်တွင် အသုံးချပုံများအား မိတ်ဆက်လေ့လာသွားကြရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ နောက်ကြောင်းပြန်လှည့်မှုဆိုင်ရာ သဘောတရားဖြစ်ရပ်တွေ အပါအဝင် ပင်လယ်ပြင် ဥပဒေရဲ့ အချိန်ကာလဆိုင်ရာ အရေးကိစ္စများနှင့် ပင်လယ်ပြင် ဥပဒေ ကို ဘယ်အတိုင်းအတာအထိ နည်းပညာ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်မွမ်းမံထားလဲဆိုတဲ့ အကြောင်းအရာတွေပါ ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမှာဖြစ်ပြီး မိမိတို့၏ CV ကို ပြင်ဆင်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်လွှာပုံစံအကျဉ်းကိုတော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်- https://forms.gle/JYJzW6B6N6xGoNYX7
#SpringUniversityMM
216 views02:19
ओपन / कमेंट
2023-02-20 05:18:53
219 views02:18
ओपन / कमेंट
2023-02-17 18:13:31
လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို ဘယ်လိုမှတ်တမ်းတင်မလဲ။

(၆) ရက်ကြာအခမဲ့သင်တန်း(Human Rights Documentation Training)

https://m.facebook.com/story.php?story_fbid=pfbid09R43UgQjnJwQWJpRmV4pJHb4HPy6MTYNhzqzBdSCvUiusiiapRpZg3uJu1aRYurnl&id=100068345813298
509 views15:13
ओपन / कमेंट
2023-02-15 18:37:29
မည်သူမဆို အချိန်၊နေရာမရွေး ဝင်ရောက်လေ့လာနိုင်မယ့် နွေဦးတက္ကသိုလ်ရဲ့ ပညာဒါနသင်တန်းများ။

https://m.facebook.com/story.php?story_fbid=pfbid035vFHoQnjFjcq7cJ23UJoxk4JwH5cV4ozgEPs52SUTavKVXpDz3EBUBtJsBJR9ggel&id=100068345813298
3.0K views15:37
ओपन / कमेंट