Get Mystery Box with random crypto!

Time, Emerging Technologies, and the Law of the Sea ဤသင်တန်းသ | Spring University Myanmar

Time, Emerging Technologies, and the Law of the Sea

ဤသင်တန်းသည် ပင်လယ်ပြင်ဥပဒေ နှင့် နိုင်ငံတကာဥပဒေတို့၏ အခြေခံသဘောတရားများမှ အစပြု၍ အသစ် ပေါ်ထွက်လာသောနည်းပညာများ၏ ပင်လယ်ရေကြောင်းပိုင်နက်အတွင်း အလေ့အကျင့်များကို မည်ကဲ့သို့ အထောက်အကူပြုနေပုံများအပါအဝင်
သီအိုရီနှင့်လက်တွေ့များပေါင််းစပ်ကာ တရားရေးဆိုင်ရာ လိုအပ်ချက်များကိုဖြေရှင်းနိုင်ရန် ခွဲခြမ်းစိတ်ဖြာလေ့လာသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားများအနေဖြင့် Virtual Reality Simulations၊ Underwater Unmanned Vehicles (UUVs)၊ Small Modular Nuclear Reactors နှင့် Enmeshed Networks အပါအဝင် နောက်ဆုံးပေါ် ပေါ်ထွက်နေသော နည်းပညာအချို့ကို ပင်လယ်ပြင်တွင် အသုံးချပုံများအား မိတ်ဆက်လေ့လာသွားကြရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ နောက်ကြောင်းပြန်လှည့်မှုဆိုင်ရာ သဘောတရားဖြစ်ရပ်တွေ အပါအဝင် ပင်လယ်ပြင် ဥပဒေရဲ့ အချိန်ကာလဆိုင်ရာ အရေးကိစ္စများနှင့် ပင်လယ်ပြင် ဥပဒေ ကို ဘယ်အတိုင်းအတာအထိ နည်းပညာ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်မွမ်းမံထားလဲဆိုတဲ့ အကြောင်းအရာတွေပါ ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမှာဖြစ်ပြီး မိမိတို့၏ CV ကို ပြင်ဆင်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်လွှာပုံစံအကျဉ်းကိုတော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်- https://forms.gle/JYJzW6B6N6xGoNYX7
#SpringUniversityMM