Get Mystery Box with random crypto!

ထာ၀ရတည်တံ့လေသော 但愿长久 (Teresa Teng) 2024 Teresa Teng တိန့် | SoulKingdomMainChannel

ထာ၀ရတည်တံ့လေသော 但愿长久 (Teresa Teng) 2024

Teresa Teng တိန့်လိကျွင်း လို့ ကြားလိုက်တာနဲ့ အသံချိုချိုလေးနဲ့ သီချင်းလေးတစ်ပုဒ်က လူတိုင်းရဲ့ ခေါင်းထဲကို ဝင်ရောက်‌ နေရာယူသွားကြမှာပါ

အခုဒီဇာတ်လမ်းလေးကတော့ တိန့်လိကျွင်းရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူး တင်ဆက်ထားတာပါ

ဇာတ်လမ်းအကျဉ်း

1953 ခုနှစ် ဆောင်းရာသီရဲ့ မနက်ခင်းလေးတစ်ခုမှာ  Deng မိသားစုရဲ့ စတုတ္ထမြောက်ကလေးဖြစ်တဲ့ Teresa Teng (တိန့်လိကျွင်း) ကို ထိုင်ဝမ်ကျေးရွာလေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်

မိန်းကလေးဟာ ငယ်ရွယ်စဉ်ကတည်းက သီချင်းဆိုစွမ်းရည် တစ်မူထူးခြားနေပေမဲ့ သူမရဲ့ဖခင် Deng Shu ကတော့ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်

ဖခင် Deng Shu ဟာ တပ်ထဲကနေ အနားယူပြီးနောက်မှာ ဈေးထဲမှာ ဆိုင်ကလေးဖွင့်ကာ အသက်မွေးဝမ်းကျောင်းပြုပါတယ်

တိန့်လိကျွင်းဟာ သူမဖခင်ရဲ့ စိတ်ဓာတ်ကျမှုနဲ့ အခက်အခဲကို နားမလည်နိုင်သော်လည်း သူမအဖေကို ပေါက်စီရောင်းကူပြီး အားကိုးရသူတစ်ဦး ဖြစ်လာပါတယ်

မူလတန်းကျောင်းပြီးတဲ့အခါမှာတော့ သူမဟာ အလယ်တန်းကျောင်းကို ဆက်ဝင်ခွင့်မရခဲ့ပါဘူး ...

ဒါပေမဲ့ ရေဒီယိုသီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရရှိခြင်းက သူမကို သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ ပါဝင်ခွင့်ရစေပါတယ်

တစ်နေ့မှာတော့ ဖခင် Deng Shu ဟာ ဈေးထဲမှာ လူဆိုးတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရကာ တရားစွဲဆိုခံရမှုပင် ရှိလာခဲ့ပါတယ်

ညသန်းခေါင်မှာ မိဘနှစ်ဦးရဲ့ ဆိုင်မျက်နှာစာမရှိလို့ ဒီလိုဖြစ်ရကြောင်း ညည်းတွားသံကို ကြားသိရတဲ့အခါမှာ တိန့်လိကျွင်းဟာ အဆိုတော်အဖြစ် စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီး ရတဲ့ငွေနဲ့ ဖခင်ရဲ့ဆိုင်အတွက် ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်

Deng Shu ဟာလည်း သိတတ်လိမ္မာတဲ့ သမီးကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်

နောက်ဆုံးမှာ‌တော့ သူမဟာ စင်မြင့်ပေါ်သို့ တက်လှမ်းဖို့ ခွင့်ပြုချက်ရသွားခဲ့ပါပြီ

"တိန့်လိကျွင်း စင်မြင့်ပေါ်ကို တက်ရောက်ခွင့်ရသွားခြင်းဟာ ကျွန်တော်/ကျွန်မတို့အတွက် ဘုရားပေးတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ ကောင်းမွန်တဲ့သီချင်းတွေကို နားထောင်ခွင့်ရဖို့ ကံအကြောင်းဖန်လာတာပါပဲ.... "၊

"ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း တိန့်လိကျွင်းအကြောင်း ပုံပြင်လေးကို လိုက်ပါစီးမြောလိုက်ကြရအောင်"

Native Title : 但愿长久
English Title : Teresa Teng
Starring : Chen Yan Xi , He Run Dong , Peng Guan Ying
Episodes : 48
Aired : 7 Jun , 2024
Original Network : Youku

#ReviewByPanda
#但愿长久
#TeresaTeng
#SoulKingdom