Get Mystery Box with random crypto!

နေရောင်အောက်က ပန်းနှင်းဆီ 玫瑰的故事 (The Tale of Rose) အား | SoulKingdomMainChannel

နေရောင်အောက်က ပန်းနှင်းဆီ 玫瑰的故事 (The Tale of Rose)

အားလုံးရဲ့ အသည်းကျော် Liu Yi Fei (ဂူဂူး) ရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပါပြီနော်

ဇာတ်လမ်းအကျဉ်း

ပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ Huang Yi Mei ဟာငယ်စဥ်ကတည်းက မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှု‌အောက်မှာ ကြီးပြင်းခဲ့ရပြီး အနုပညာပါရမီရှိသူတစ်ယောက်ပါ

ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခွင်ထဲရောက်လာခဲ့တဲ့ Huang Yi Mei ဟာ သူမရဲ့လက်တွဲဖော် Zhuang Guo Dong နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြပေမယ့် အဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် လွဲချော်သွားခဲ့ကြပါတယ်

Huang Yi Mei ဟာ ဘဝအတွက် အစီအစဉ်ဆွဲကာ ကျောင်းပြန်တက်ခဲ့ပြီး ဘွဲ့ရပြီးနောက် စီနီယာအကို Fang Xie Wen နဲ့ လက်ထပ်ခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်တဲ့လမ်းကြောင်းတွေ မတူညီကြတာကြောင့် အဆုံးမှာတော့ ကွာရှင်းလိုက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်

ဒီလိုနဲ့ Huang Yi Mei ဟာ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့ပြီး အနုပညာနယ်ပယ်မှာ နေရာတစ်ခုဖန်တီးခဲ့ပါတယ်

ထိုကာလအတွင်းမှာ Huang Yi Mei ဟာ သူမရဲ့ soulmate Pu Jia Ming နဲ့ တွေ့ဆုံခဲ့ရပေမယ့် Pu Jia Ming ဟာလည်း အသက်ရှင်ဖို့ လအနည်းငယ်သာ ကျန်တော့တဲ့အတွက် နှစ်ဦးကြားက ဇာတ်လမ်းလေးဟာလည်း ဝမ်းနည်းဖွယ် အဆုံးသတ်သွားခဲ့ရပါတယ်

တစ်ကြိမ်ပြီးတစ်ကြိမ် လွဲချော်ခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့  Huang Yi Mei ဟာ သူမရဲ့ဘဝကို ဘယ်လိုရှေ့ဆက် ရင်ဆိုင်ဖို့ကြိုးစားမလဲ ? ဆိုတာကို

Soulers လေးတို့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်

Native Title : 玫瑰的故事
English Title : The Tale of Rose
Starring : Liu Yi Fei, Tong Da Wei, Wan Qian, Lin Yi, Zhu Zhu, Wu Bi, Huang Yi
Episodes : 36
Airs : 8 June 2024
Original Network : CCTV, Tencent Video

#ReviewByPanda
#玫瑰的故事
#TheTaleOfRose
#SoulKingdom