Get Mystery Box with random crypto!

တယ်လီမှာက တကယ့်အမာခံတွေနဲ့ မိသားစုဝင်တွေရှိနေတော့အကြံတောင်းချင | CLICK2DONATE v 2.0

တယ်လီမှာက တကယ့်အမာခံတွေနဲ့ မိသားစုဝင်တွေရှိနေတော့အကြံတောင်းချင်လို့ပါ

ဒီအခြေအနေကြီးကိုလဲ စိတ်ညစ်ပြီး မြန်မြန်ပြောင်းလဲချင်လို့လည်း ပါပါတယ်

Click2donate app ပျက်သွားပြီးတဲ့နောက်ပိုင်း
Lattsaung
Raungni
Aungpwe
Eainpyanlann
ဒါတွေဟာ developer support ကောင်းကောင်းနဲ့ ပြင်ဆင်မှုမလုပ်နိုင်တာကြောင့် ကလစ်ကာတွေရဲ့ အင်အားတွေဟာ လုပ်သလောက်အကျိုးမရှိဖြစ်နေခဲ့ပါတယ်

ကျွန်တော်တို့လိုအပ်ချက်လို့ပဲပြောရမလား developer တွေကို paid ပုံစံမျိုး မလုပ်ခဲ့မိပါဘူး ဘာလို့ဆို ကလစ်လို့ရသမျှငွေ အားလုံး တော်လှန်ရေးအဖွဲ့ထဲစီးဆင်းစေချင်တယ်ဆိုတဲ့ စိတ်ကြောင့်ပါ
ဆာဗာဖိုးတွေ လိုအပ်တဲ့ resource ဖိုးတွေကိုကျ ကျွန်တော်နဲ့ သူငယ်ချင်း တွေက စိုက်ပြီး ဝိုင်းခဲ့ကြတာပါ
Click2donate အစတုန်းကတည်းက ပါဝင်ခဲ့သူတွေသိမှာပါ ကျွန်တော်တို့က cdm support ကနေ စခဲ့တာပါ အဲ့လိုကနေ ouo တွေကလစ်ရင်း website တွေစခဲ့တယ်
C2d app. စခဲ့တယ်ပေါ့

မထူးလည်း တလတခါ လစာထုတ်တိုင်း cdm support လုပ်နေတာပဲ အဲ့ပိုက်ဆံကို c2d server တွေ web တွေ အတွက်သုံးလိုက်ရင် ကောင်းတာပေါ့ဆိုပြီး စိုက်ထုတ်သုံးစွဲခဲ့တာပါ ကြားထဲ စလုံးက သူငယ်ချင်းတွေ ဝိုင်းကူခဲ့တာတွေလည်းပါဝင်ခဲ့ပါတယ်

ဒီတော့ ခေါင်းမာခဲ့တာက ကလစ်ရငွေကို အပြည့်ပို့မယ် ပြန်မသုံးဘူးဆိုပြီး တောက်လျှောက်နေခဲ့တာပါ

ဒါပေမယ့် တနှစ်ကျော် ၂နှစ်နိးပါးလောက် ဝင်ငွေတွေထိုးကျသွားပြီး ထောက်ပံ့မှုတွေလျော့လာတဲ့နောက်ပိုင်းမှာ ပြန်လည်စဉ်းစားမိလာတာလေးတွေရှိလာပါတယ်


တဖက်ကပြန်တွေးရင် support ကောင်းကောင်းနဲ့သာ လုပ်ဖြစ်ခဲ့ရင်
အခု the pdf game က ကိုတွတ်တို့လို တချိန်လုံး အမှားရှာ ပြင်ဆင် update လုပ်ပြီး ငွေကောင်းကောင်းရအောင်လုပ်နိုင်ရင် အရင်လို သိန်းထောင်ချီသာရနေခဲ့ရင်
Developer ကိုပေးရတဲ့ သိန်း ၂၀-၅၀ လောက်က တန်တယ်လို့ ယူဆမိလာပါတယ်
ဘာလို့ဆို ကလစ်ကြပေမယ့် ငွေရနည်းနေတော့ ရှေ့မရောက်ဘူးဖြစ်နေလို့ပါ




အနှစ်ချုပ်ရရင်တော့ ကျွန်တော် developer ငှားမယ် ပိုက်ဆံကောင်းကောင်းရမယ့် app တခုပြန်ဖန်တီးမယ် ပြီးရင် ရတဲ့ပိုက်ဆံထဲကနေ developer fees တွေ ပြန်ပေးပြီး ရေရှည်ဝင်ငွေကောင်းကောင်းနဲ့ရပ်တည်နိုင်တဲ့ app အနေနဲ့ comeback ချင်တယ်

**app မအောင်မြင်ခင်အထိတော့ တပြားမှမသုံးပါဘူး ကျွန်တော်တို့မှာ စိုက်ထုတ်စရာ backup ကောင်းကောင်းရှိနေပါသေးတယ်
အောင်မြင်ပြီးနောက်ပိုင်းမှ ငွေဝင်ကြမ်းလာပြီဆိုမှပဲ fees ပေးဖို့ပါ***


အရင် ၆ လလောက်က ပြည်သူတွေလည်း မြောနေကြပြီး ကလစ်ဖို့တောင်မေ့နေကြပေမယ့် အခုအချိန်ကတော့ အောင်ပွဲအနံ့တွေရပြီး အောင်ပွဲရဲ့ အငွေ့အသက်တွေရလာချိန်မို့ စိတ်အားတွေလည်း တက်ကြွနေကြမယ်လို့ထင်ပါတယ်


ဘယ်လိုသဘောရလည်း ပြောသွားပေးကြပါဦးခင်ဗျာ