Get Mystery Box with random crypto!

သွေးအေးလို့ မနေသင့်ပြီ ဟိုးရှေ့ရက်တွေတုန်းက. တောက်လျှောက်သတိ | CLICK2DONATE v 2.0

သွေးအေးလို့ မနေသင့်ပြီ

ဟိုးရှေ့ရက်တွေတုန်းက. တောက်လျှောက်သတိပေးခဲ့တာပါပဲ ဒီကိစ္စ စဖြစ်ဖြစ်ချင်းလောက်ကပဲ ဝူးဝူးဝါးဝါးတွေဖြစ်ခဲ့ကြပေမယ့်

ရက်နည်းနည်းလဲဲကြာရော ထုံးစံအတိုင်း
ဖြစ်ရင်လဲအများပေါ့လေ
ဘာတတ်နိုင်မလဲ
အိမ်ကိုမှလွန်ဆန်လို့မရတာ
ဆိုတာမျိုးတွေဖြစ်သွားပြီး

ဟိုးအရင်အစကတည်းကတည်းက ပြောတဲ့ ရေနွေးထဲက ဖားတွေလိုဖြစ်သွားပြီး တကယ်လည်းဖြစ်လာရော ရုန်းမထွက်နိုင်ကြတော့ဘူး ဖြစ်ကုန်ကြမှာ အင်မတန်မှ နှမြောစိတ်ပူပါတယ်

ခွေးမျိုးတွေအတွက်အသက်ပေးစရာ အကြောင်းကိုမရှိတာပါ

အခုလဲ တကယ်ဖြစ်နေတာတောင် စိတ်မပူပါနဲ့ စာရင်းပဲပေးခဲ့ရတာပါ စိတ်မပူပါနဲ့မလုပ်သေးပါဘူး နဲ့ ရှာကြံ ပြီး ဖြည့်တွေးနေကြတာ

ပြည်ပကနေဆူနေတာလို့ထင်ရင်လည်း ထင်ကြပါ ဆူတာမဟုတ်ဘူး မနေနိုင်လို့ပြောတယ်ဆိုတာ ၁ ယောက်ပဲယုံကြည်ပြီး လွတ်အောင်ကြိုးစားရင်တောင် ပြောရကြိုးနပ်တယ်လို့ပဲ ခံယူပါတယ်

စစ်ခွေးတွေအတွက်အသက်ပေးမယ့်အစား PDF ထဲပဲ ဝင်မှာပေါ့ ဆိုတဲ့ ညီအကိုတွေလည်း ကြိုတင်ချိတ်ဆက်မှုတွေ လမ်းကြောင်းတွေ အစစအရာရာပြင်ဆင်ထားသင့်ပြီဖြစ်ပါတယ်

ကျန်တဲ့သူတွေကလည်း ကိုယ့်အလှည့်မရောက်ခင် ဒီကောင်တွေမြန်မြန်ကြွအောင် တော်လှန်ရေးကို ဝိုင်းတွန်းကြစေချင်ပါတယ်

တော်လှန်ရေးအတွက်မဟုတ်တောင် ကိုယ့်အသက်မသေရစေရေးအတွက် ဒီစစ်တပ်ကိုအမြစ်ဖြတ်နိုင်မှရမယ်ဆိုတာ တကယ်ကို ခလုတ်ထိပြီမို့ တကယ်နိုးထကြပါတော့ဗျာ