Get Mystery Box with random crypto!

Ju Dou (1990) ~ IMDb - 7.6/10, Rotten Tomatoes - 100% ~ ကျန် | Channel Myanmar 2.0

Ju Dou (1990)

~ IMDb - 7.6/10, Rotten Tomatoes - 100% ~

ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။

1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ... Read more...

https://channelmyanmar.org/ju-dou-1990/