Get Mystery Box with random crypto!

ဒီကားလေးကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ | မြန်မာစာတန်းထိုး Movie Channel

ဒီကားလေးကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ။ ဟန်ဂျောင်ဆော့ဟာ Obssessive-compulsive personality disoder ရှိတဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ။ သူက အရာရာတိုင်းကို အသေးစိတ် အတိအကျ အစီအစဥ်တကျ ဆောင်ရွက်တတ်ပြီး အသန့်အပြန့် အလွန်ကြိုက်တတ်သူပေါ့။ သူ့ရဲ့ ထူးခြားတဲ့ အကျင့်စရိုက်ကြောင့် ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမရှိဘဲ မိတ်ဆွေအပေါင်းအသင်းလည်း မရှိပါဘူး။

ဒါပေမဲ့ ဂျောင်ဆော့က သူ့စာကြည့်တိုက်နားက စတိုးဆိုင်မှာ အလုပ်လုပ်တဲ့ သူနဲ့ စရိုက်တူမိန်းကလေးကို ကြိတ်သဘောကျမိနေပါတယ်။ အဲဒီမိန်းကလေးကို ဖွင့်ပြောဖို့ သတ္တိမွေး အစီအစဥ်သေချာဆွဲပြီးကာမှ တကယ်ဖွင့်ပြောတဲ့နေ့မှာတော့ စတိုးဆိုင်မှာ ရှိနေသူက သူ့ crush မဟုတ်ဘဲ မသေမသပ်နဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ အဆိုတော်ရူး ယူဆိုဂျောင်း ဖြစ်နေတော့တယ်။ ဂျောင်ဆော့တစ်ယောက် သူ့အစီအစဥ်အတိုင်း ဖြစ်မလာတဲ့အတွက် ပျာယာခတ်ပြီး ဆိုင်ထဲက ထွက်လာခဲ့တာကြောင့် သူ့ crush အကြောင်း ရေးထားတဲ့ မှတ်စုစာအုပ်ကို ဆိုင်မှာ မေ့ကျန်ခဲ့ပါရော။ ဒီလိုနဲ့ စာအုပ်ပြန်ယူဖို့ ဆိုဂျောင်း သီချင်းဆိုတဲ့ ကလပ်ကို လိုက်သွားတဲ့အခါ ဆိုဂျောင်းက သူ့မှတ်စုထဲက စာသားတွေကို သီချင်းလုပ်ဆိုထားတာ တွေ့လိုက်ရတော့တယ်။ ဆိုဂျောင်းက တောင်းပန်တဲ့အနေနဲ့ ဂျောင်ဆော့ရဲ့ အချစ်ရေးကို ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်။

ဖြစ်ချင်တော့ ဂျောင်ဆော့ရဲ့ crush က သူ့ရဲ့ သေသပ်မှုကို အရမ်းအစွဲအလမ်းဖြစ်နေတဲ့ စရိုက်ကို မနှစ်မြို့တဲ့အတွက် ပြောင်းလဲဖို့ ကုထုံးခံယူနေသူ ဖြစ်နေခဲ့တယ်။ ဒီတော့ ဂျောင်ဆော့လည်း သူ့ crush အကြိုက်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားတော့တာပေါ့။ ဆိုဂျောင်းက သူနဲ့ သီချင်းဆိုပြိုင်ပွဲကို လိုက်ပြိုင်ပေးရင် ဂျောင်ဆော့ ပြောင်းလဲဖို့ ကြိုးစားရာမှာ ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းလာပြန်တယ်။ ဂျောင်ဆော့တစ်ယောက် တကယ်ပဲ ပြောင်းလဲနိုင်မလား၊ သူ့ရဲ့ အချစ်ရေးကရော ဘယ်လိုဖြစ်မလဲဆိုတာ Plan Man ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။

ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ JuneRose ဖြစ်ပါတယ်

Movie link

https://t.me/minmin10090/97
https://t.me/minmin10090/97




#Credit