Get Mystery Box with random crypto!

နွေဦးတက္ကသိုလ် တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့ပါပြီ ။ ပထမဦးစွာ | Spring University Myanmar

နွေဦးတက္ကသိုလ် တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့ပါပြီ ။

ပထမဦးစွာ စတင်တည်ထောင်တဲ့ အချိန်ကနေ ယနေ့အထိ နွေဦးတက္ကသိုလ်နဲ့ အတူ တော်လှန်ပညာရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ကြတဲ့ ကျောင်းသားလူငယ် တစ်ဦးချင်းစီကို အလေးအနက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

နွေဦးတက္ကသိုလ်အနေနဲ့ (၂)နှစ်တာကာလအတွင်း အခုလို ပညာရေးဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အတိုင်းအတာတစ်ခုထိ ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့တာဟာ ကျောင်းသား၊လူငယ်တွေရဲ့ ခွန်အားတွေကြောင့်ပဲ ဖြစ်ပါတယ်။ သည့်တိုင် နွေဥိီးတက္ကသိုလ်ရဲ့ တော်လှန်ရေးကာလတလျှောက် ပညာရေးကဏ္ဍတွင်း ပါဝင်ဆောင်ရွက်မှုတွေဟာ အသေးအမွှားသာဖြစ်ပါတယ်။ ခရီးအရှည်ကြီး ကျန်နေပါသေးတယ်။ ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ အဆိုပါ ခရီးရှည်ကြီးကိုလည်း အပြန်အလှန် ဖေးမကြရင်း အတူတူ ဆက်လက်ချီတက်ကြရအောင်ပါ။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်ဟာ ကျောင်းသားလူငယ်တွေရဲ့ အသံကို အမြဲနားစွင့်ရင်း ယခုထက်ပိုမိုကောင်းမွန် ပြီးပြည့်စုံသော ပုံစံရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားလျက်ရှိပါတယ်။ တဆက်တည်းမှာပဲ ကျောင်းသားလူငယ်တွေရဲ့ အကြံပေးမှုတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရင်း အနာဂတ်ကာလမှာ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားပါ့မယ်လို့ ကတိပြုအပ်ပါတယ်။

ကျွန်တော်တို့အတူတူ ဒီခရီးကို လျှောက်လာခဲ့တာ ၂ နှစ်ပြည့်ပါပြီ။ အပြန်အလှန်ဖေးမရင်း ဆက်လက် ချီတက်ကြရအောင်ပါ။

အရေးတော်ပုံအောင်ရမည်။

#SpringUniversityMM