Get Mystery Box with random crypto!

ကျန်းမာရေးစောင့်ရှောက်မှုတွေမှာရော သုတေသန (Qualitative Resear | Spring University Myanmar

ကျန်းမာရေးစောင့်ရှောက်မှုတွေမှာရော သုတေသန (Qualitative Research) ဆိုတာ လိုအပ်ရဲ့လား။

အားလုံးပဲ မင်္ဂလာပါ။ ဒေသတစ်ခုရဲ့ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှု၊ လူမှုအကျိုးပြုအဖွဲ့အစည်း
များအနေဖြင့်စီမံကိန်းတွေ ဖော်ဆောင်ကြရာမှာ အချို့သော ကျန်းမာရေးနယ်ပယ်မှာ ရှုပ်ထွေးတဲ့ဖြစ်စဉ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။

လူထုကျန်းမာရေးအတွက် ပိုမိုအကျိုးပြုစေဖို့ ကျန်းမာရေး စီမံခန့်ခွဲမှုများ သုတေသန (သို့မဟုတ်) ဒေတာစု‌ဆောင်းခြင်းနည်းလမ်းများ၊ ဒေတာကောက်ယူသည့် ကိရိယာများသာမက လူတွေရဲ့ တွေးခေါ်ယူဆချက်များ၊ ဖြစ်ရပ်တစ်ခုရဲ့ ဖြစ်စဉ်၊ ဖြစ်စေသောအကြောင်းရင်း စတာတွေကို အသေးစိတ် အရင်းအမြစ်ကျကျသိရှိလေ့လာဖို့လိုအပ်ပါတယ်။

ဒီလို ဒေတာစုဆောင်းမှုတွေ၊ ကောက်ယူမှုနည်းစနစ်တွေပေါ်မူတည်ပြီး ရလဒ်များစွာပြောင်းလဲသွားနိုင်
တာမို့ ကျန်းမာရေးနယ်ပယ်မှာ ဝင်ရောက်အားဖြည့်လျက်ရှိတဲ့ ကျောင်းသူ၊ကေျာင်းသားများအနေဖြင့် အထူး
ဂရုပြုလေ့လာဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲသစ် “School of Health”မှ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရပ်များ သာမက မွေးကင်းစကလေးငယ်အတွက် ထိန်းသိမ်းစောင့်ရှောက်စရာ သိမှတ်ဖွယ် ဗဟုသုတ ပညာရပ်များကို မျှဝေသွားနိုင်ဖို့ School of Health မှ အောက်ပါတန်းခွဲများမှတဆင့် “Qualitative Research in Health for Beginners” ဆိုတဲ့ အတန်းကို ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါသင်တန်းကိုတော့ မေလ (၆)ရက်နေ့ မှာ စတင်သွားမှာ ဖြစ်ပြီးတော့ လျှောက်ထားလိုသူများအနေနှင့် မေလ (၄)ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/photo/?fbid=526168389671350&set=pcb.526168779671311

#SpringUniversity
#SUM