Get Mystery Box with random crypto!

ဧပြီလအတွင်း နိုင်ငံခြားဘာသာစကားသင်တန်းများ တက်ရောက်လိုသူများအန | Spring University Myanmar

ဧပြီလအတွင်း နိုင်ငံခြားဘာသာစကားသင်တန်းများ တက်ရောက်လိုသူများအနေနဲ့ သက်ဆိုင်ရာ Deadline များ မတိုင်မီ စာရင်းပေးဖို့ တိုက်တွန်းပါရစေ။

တန်းခွဲစုစုပေါင်း (၁၅) ခုတိတိဖွင့်လှစ်မယ့် ဧပြီလရဲ့ တန်းခွဲများကို တက်ရောက်ဖို့ စီစဥ်ထားသူများအတွက် ပြောင်းလဲသတ်မှတ်ထားသော တန်းခွဲအချို့ရဲ့ Deadline များကို ဖော်ပြပေးလိုပါတယ်။

Chinese HSK Level-1 တန်းခွဲရဲ့ Deadline မှာ ဧပြီ (၁၈) မှ ဧပြီ (၂၇) သို့လည်းကောင်း၊

Korean Language Level-2 အတန်းရဲ့ Deadline ကိုတော့ ဧပြီ (၂၄) မှ ဧပြီ (၂၈) သို့လည်းကောင်း၊

Korean Speaking class ရဲ့ Deadline ကို ဧပြီ (၂၀) မှ ဧပြီ (၂၇) သို့လည်းကောင်း အသီးသီး ပြောင်းလည်းသတ်မှတ်ထားကြောင်း သတင်းကောင်းပါးပါရစေ။

ဒါ့အပြင် ကျန်ရှိသော တန်းခွဲအသီးသီးရဲ့ စာရင်းပေးသွင်းမှုကိုတော့ ကြိုတင်ကြေညာထားသည့်အတိုင်း မပြောင်းမလဲ လက်ခံသွားမှာဖြစ်ပါတယ်။

ဖွင့်လှစ်သွားမယ့် တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ပါ Link များမှတစ်ဆင့် အသေးစိတ်ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Link- https://www.facebook.com/100068345813298/posts/pfbid02X6rp1xTsb3PsDb9tmrmkQ8YnVotU95PrkXnNsXvCnkvTjZXdHhhb4wp3C1SHvgbwl/?mibextid=tejx2t

#SpringUniversityMM
#SUM