Get Mystery Box with random crypto!

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မနက်ဖြန်လာရောက်မ | Cape Diamond

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မနက်ဖြန်လာရောက်မည်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ မနက်ဖြန် သြဂုတ် ၃ ရက်မှာ မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တွစ်တာစာမျက်နှာကနေ ကြေညာထားပါတယ်။

အဆိုပါကြေညာချက်မှာတော့ ဆာဂေးလက်ဗရော့ဗ်ဟာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူအပါအဝင် “နိုင်ငံရဲ့ခေါင်းဆောင်များ” (မူရင်းစာအတိုင်းရေးသားချက်) များနှင့် တွေ့ဆုံမယ်လို့ ဖော်ပြထားပြီး၊ နာမည်ဖော်ပြထားခြင်း မရှိသလို၊ ဘာတွေဆွေးနွေးမယ်ဆိုတာလည်း အတိအကျဖော်ပြထားခြင်း မရှိပါဘူး။

ဒီခရီးစဉ်ဟာ အနောက်အုပ်စုနဲ့ ရုရှား + တရုတ်တို့ရဲ့ ဒေသတွင်းအားပြိုင်မှု တစ်ခုဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

#WhatsHappeningInMyanmar

Facebook တွင်မျှဝေရန် Link - https://www.facebook.com/100063713350068/posts/pfbid021piRMoN1m8htPcJFJXdWpux5PCLaXQLyy5Kq3rpujSpinKzT1oKZYTZcYDSLxG17l/?d=n

t.me/cape_diamond