Get Mystery Box with random crypto!

ဒီသတင်းစာဖြတ်ပိုင်းကို အခုသတင်းဆိုပြီး ပြန် share နေကြလို့ ဒါလ | Cape Diamond

ဒီသတင်းစာဖြတ်ပိုင်းကို အခုသတင်းဆိုပြီး ပြန် share နေကြလို့ ဒါလေးမျှဝေပေးလိုက်ပါတယ်။ အမှန်က ဒါဟာ NLD အစိုးရလက်ထက် ဦးဖေမြင့်ဦးစီးတဲ့ ပြန်ကြားရေးကထုတ်တဲ့ ကြေးမုံဖြတ်ပိုင်းပါ။ ဇူလိုင်လ ၂၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကြေးမုံသတင်းစာမျက်နှာဖုံး ဖြစ်ပါတယ်။

တချို့ပြန်တင်နေကြတဲ့သူတွေက မသိပဲတင်မိကြတဲ့သူတွေရှိသလို၊ တချို့ကလည်း ရည်ရွက်ချက်ရှိရှိနဲ့ ခေါင်းစီးကကြေးမုံနေရာကို ဖြတ်ပြီးတင်ကြတဲ့သူတွေရှိတာကို တွေ့ရပါတယ်။ (NLD အစိုးရလက်ထက်မှာ ကြေးမုံတံဆိပ်နောက်ခံက အနီရောင်ပါ)

ပြီးတော့ အဲ့မှာရေးထားတဲ့ ငွေလဲနှုန်း/ပို့ကုန်သတင်းအပြည့်အစုံဖြတ်ပိုင်းလေးပါ ပူးတွဲထည့်ပေးလိုက်ပါတယ်။ သတင်းအပြည့်အစုံဖတ်လိုက်ရင် သဘောပေါက်သွားမှာပါ။ (ခေါင်းစဉ်ပေးတဲ့နေရာမှာ လိုအပ်သွားပုံရပါတယ်)

ဖတ်ရှုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

#CD

Facebook တွင်မျှဝေရန် Link - https://www.facebook.com/100063713350068/posts/450700907063684/?d=n