Get Mystery Box with random crypto!

ပြင်သစ်နိုင်ငံက စွမ်းအင်လုပ်ငန်ကြီးဖြစ်တဲ့ TotalEnergies ဟာ ယန | Cape Diamond

ပြင်သစ်နိုင်ငံက စွမ်းအင်လုပ်ငန်ကြီးဖြစ်တဲ့ TotalEnergies ဟာ ယနေ့ ဇူလိုင်လ ၂၀ မှာ မြန်မာနိုင်ငံက ထွက်ခွါသွားခဲ့ပြီလို့ ကြေညာ | လူ့အခွင့်အရေးလှုပ်ရှားသူများစိုးရိမ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံး ရေနံသဘာဝဓါတ်ငွေ့သိုက်မှာ လုပ်ကိုင်ခဲ့တဲ့ TotalEnergies ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ နိုင်ငံတွင်းက ထွက်ခွါတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယနေ့မှာတော့ အပြီးသတ်လုပ်ငန်းစဉ်ပြီးဆုံးလို့ ထွက်ခွါသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြင်သစ်ကုမ္ပဏီထွက်ခွါသွားရင် သူ့အစုရှယ်ယာတွေကို စပ်တူလုပ်ကိုင်နေတဲ့ ကျန် ၃ ဖွဲ့ဖြစ်တဲ့ အမေရိကန်အခြေစိုက် Chevron၊ ထိုင်းအခြေစိုက် PTTEP နဲ့ စစ်ကောင်စီရဲ့ MOGE တို့က အချိုးကျခွဲယူကြမှာဖြစ်လို့ ဝေစုပိုတိုးလာပြီး ဝင်ငွေပိုလာစေမှာဖြစ်တဲ့အတွက် စိုးရိမ်မိကြောင်းနဲ့ ဒဏ်ခတ်အရေးယူမှုတွေ အရေးတကြီးလိုအပ်နေကြောင်း Human Rights Watch လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က မနေ့ကကြေညာချက်မှာ ထုတ်ပြန်တိုက်တွန်းထားတာ ရှိပါတယ်။

Link - https://www.facebook.com/100063713350068/posts/448273047306470/?d=n

#WhatsHappeningInMyanmar

t.me/cape_diamond